ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာရှိ စစ်တပ်စခန်းအနီးတွင် ယနေ့ မတ်လ(၂၉)ရက် နေ့  နေ့လယ်(၁) နာရီခန့် တွင် စစ်ကောင်စီတပ်နှင့် KIA တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

သေနတ်သံ( ၃)ချက်ခန့် ပစ်‌ဖောက်ပြီးနောက် ၁၅ မိနစ်ခန့် နှစ်ဖက်တပ်က ပစ်ခတ်တိုက်ခိုက်ကြကြောင်း နေရပ်ပြန်ပြီး ခြံများရှင်းလင်းသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” နေအိမ်တွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ချိန်အခုလို တွေဖြစ်လာတော့ အဲဒီမှာနေပြီး ဆောက်လုပ်ဖို့က အရမ်းစိုးရိမ်ရတယ်။ ဆက်ပြီးလုပ်မလား နားထားရမလားဆိုပြီး ဘယ်အချိန် ဘယ်လို ဖြစ်လာမယ်ဆိုတာလည်းမပြောနိုင်တော့ အရမ်းစိုးရိမ်တယ်။ “ ဟု ပြောသည်။

ဂါးရာယန်ကျေးရွာသည် လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ခြံရှင်းလင်းနေသည့် အချိန်ဖြစ်ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...