မိုးညှင်းပြည်သူများ KIA နှင့်မပူးပေါင်းရန် စာကပ်ဖြန့်ဝေ

မိုးညှင်းပြည်သူများ KIA နှင့်မပူးပေါင်းရန် စာကပ်ဖြန့်ဝေ

ကချင်ပြည်နယ်မိုးညှင်းမြို့အတွင်း စစ်ကောင်စီဖက်က မိုးညှင်းပြည်သူများ KIAနှင့်ဆက်သွယ်ပူးပေါင်းခြင်းမပြုရန် အသိပေးစာများ ကိုမြို့တွင်းနေရာအနှံ့ စစ်ကားရဲယာဥ်များဖြင့် လိုက်လံကြဲဖြန့်ခြင်းနှင့် ဓာတ်တိုင်များမှာ ကပ်ထားအသိပေးခဲ့သည်။

ယင်းအသိပေးစာတွင် KIAသည် စစ်ရေးအရှိန်မြှင့်ဆောင်ရွက်နေပြီး မြို့ရွာများရှိ NLD ဆူပူဆန္ဒပြသူများနှင့် ပူးပေါင်းကာ တပ်မတော်က ပေါ်တာဆွဲနေသည်ဟု ဝါဒဖြန့်လှုပ်ရှားနေကြောင်းနှင့် လူအင်အားသစ်ရရှိရေးအတွက် နယ်မြေစိုးမိုးမူ့မရှိသည့် ကျေးရွာများအတွင်း အတင်းအဓမ္မဖမ်းဆီးခံရသူများအနေဖြင့် တပ်မတော်မှ အထွေထွေထိုးစစ်ဆင်နွှဲပါက တပ်မတော်၏ ချေမှုန်းခြင်းခံရနိူင်ပါသဖြင့် KIAကလူသစ်စုဆောင်းလာပါကရှောင်ရှားနိူင်စေရန် အသိပေးနှိုးဆော်အပ်ပါသည်”ဟု ယနေ့ မတ်၂၉ရက်နေ့လည် ၂နာရီအချိန်ခန့်က မြို့တွင်းရှိဓာတ်တိုင်များမှာ စာကပ်ကြေငြာခဲ့သည်။

ပြီးခဲ့သည့် မတ်၂၈ရက်နေ့ရက်စွဲဖြင့် ကေအိုင်အေ/ကေအိုင်အို ကချင်လွတ်မြောက်ရေး တပ်မဟာ ၈မှ စစ်ကောင်စီအား မိုးညှင်းခရိုင်အတွင်းရှိ ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးသတ်ဖြတ်တာရပ်တန့်ရန်နှင့် မရပ်တန့်ပါက KIAတပ်မဟာ ၈အနေဖြင့် မိုးညှင်းခရိုင်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဘို့ အသင့်ရှ်ိနေကြောင်း မတ်၂၈ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မိုးညှင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ အကြမ်းဖက်ပစ်ခတ်မူ့ကြောင့် မတ် ၂၅ရက်နေ့က ကျည်အစစ်ထိမှန်၍ သေဆုံးသူ၂ဦးနှင့် ဟိုပင်မြို့က ၁ဦး စုစုပေါင်း ၃ဦးရှိခဲ့ပြီးဒဏ်ရာရသူ ၆ဦးခန့်ရှိခဲ့သည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...