KIO ဗဟိုဌာနချုပ်သို့ အာဏာသိမ်းစစ်တပ်အင်အား တိုးချဲ့လာ

KIO ဗဟိုဌာနချုပ်သို့ အာဏာသိမ်းစစ်တပ်အင်အား တိုးချဲ့လာ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်၏ ဗျူဟာကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ စစ်အင်အားအလုံးအရင်းပြန်လည် ချီတက်လာနေကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဝိုင်းမော်မြို့ဘက်မှ ဆင်းလာသော အာဏာသိမ်းစစ်တပ်၏ ကားကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အပြင် ကန်တော်ယန်ကျေးရွာအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကားများမှာ KIO ဗဟိုဌာနချုပလိုင်ဇာသို့ စစ်အင်အားဖြည့်ရန် ရောက်လာသောကြောင့် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အလားတူ လိုင်ဇာမြို့အနီးတွင်ရှိနေသော နားလုံးစသည့်ကျေးရွာများတွင်လည်း အာဏာသိမ်းစစ်သားများက ခြေလျှင်ဖြင့် ရောက်လာသဖြင့် ဒေသခံအချို့လည်း ထွက်ပြေးနေရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မတ်လ ၁၁ ရက်နေ့မှစတင်ပြီး အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို KIA က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...