KIO ဗဟိုဌာနချုပ်သို့ အာဏာသိမ်းစစ်တပ်အင်အား တိုးချဲ့လာ

KIO ဗဟိုဌာနချုပ်သို့ အာဏာသိမ်းစစ်တပ်အင်အား တိုးချဲ့လာ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်၏ ဗျူဟာကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ စစ်အင်အားအလုံးအရင်းပြန်လည် ချီတက်လာနေကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဝိုင်းမော်မြို့ဘက်မှ ဆင်းလာသော အာဏာသိမ်းစစ်တပ်၏ ကားကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အပြင် ကန်တော်ယန်ကျေးရွာအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကားများမှာ KIO ဗဟိုဌာနချုပလိုင်ဇာသို့ စစ်အင်အားဖြည့်ရန် ရောက်လာသောကြောင့် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အလားတူ လိုင်ဇာမြို့အနီးတွင်ရှိနေသော နားလုံးစသည့်ကျေးရွာများတွင်လည်း အာဏာသိမ်းစစ်သားများက ခြေလျှင်ဖြင့် ရောက်လာသဖြင့် ဒေသခံအချို့လည်း ထွက်ပြေးနေရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မတ်လ ၁၁ ရက်နေ့မှစတင်ပြီး အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို KIA က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...