အာဏာသိမ်းစစ်တပ်၏ တပ်မတော်နေ့ RCSS/SSA မတက်

အာဏာသိမ်းစစ်တပ်၏ တပ်မတော်နေ့ RCSS/SSA မတက်

အာဏာသိမ်းစစ်တပ် ၏ တပ်မတော်နေ့ အခမ်းအနား ကို မတ် ၂၇ရက်တွင်ကျင်းပမည်ဖြစ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တက်မည် မဟုတ်တေကြာင်း သတင်းရရှိသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေး သဘောတူညီစာချုပ် (NC)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၄)ဖွဲ့ သည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်သော်လည်း RCSS/SSAအနေဖြင့် တက်မည်မဟုတ်ကြောင်း RCSS/SSA နှင့် နီးစပ်ရာ အသိုင်းအဝန်းက ပြောသည်။

“ RCSS/SSA အနေနဲ့ကတော့ တပ်မတော်နေ့ကို မတက်ပါဘူး” ဟု RCSS နီးစပ်သူက ပြောသည်။

မတ် ၂၇ ရက် တပ်မတော် အခမ်းအနားနေ့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်လက်နက်ကိုင်အဖွဲ့ DKBA နှင့် KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီ၊ ရခိုင်လွတ်မြောက်ရေးပါတီ ( ALP)တို့ဖြစ်ကြောင်းသိရသည်။

ကရင်အမျိုးသား အစည်းအရုံ (KNU)၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် (PNLO)နှင့် RCSS/SSA တို့ တက်ရောက်မည် မဟုတ်ကြောင်းလည်း ်သတင်းရရှိသည်။

NCA လက်မှတ်ရေးုထိုးထာသည့် (၁၀)ဖွဲ့သည် စစ်အာဏာသိမ်းမှု အပေါ် ကန့်ကွက်ကြောင်း နှင့် အာဏာသိမ်းစစ်ကောင်စီ နိုင်ငံရေး အရ ဆွေးနွေးမှု ရပ်ဆိုင်းထားကြောင်း ဖေဖော်ဝါရီလ တွင် သဘောထားထုတ်ပြန်ခဲ့သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...