အာဏာသိမ်းစစ်တပ်၏ တပ်မတော်နေ့ RCSS/SSA မတက်

အာဏာသိမ်းစစ်တပ်၏ တပ်မတော်နေ့ RCSS/SSA မတက်

အာဏာသိမ်းစစ်တပ် ၏ တပ်မတော်နေ့ အခမ်းအနား ကို မတ် ၂၇ရက်တွင်ကျင်းပမည်ဖြစ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တက်မည် မဟုတ်တေကြာင်း သတင်းရရှိသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေး သဘောတူညီစာချုပ် (NC)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၄)ဖွဲ့ သည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်သော်လည်း RCSS/SSAအနေဖြင့် တက်မည်မဟုတ်ကြောင်း RCSS/SSA နှင့် နီးစပ်ရာ အသိုင်းအဝန်းက ပြောသည်။

“ RCSS/SSA အနေနဲ့ကတော့ တပ်မတော်နေ့ကို မတက်ပါဘူး” ဟု RCSS နီးစပ်သူက ပြောသည်။

မတ် ၂၇ ရက် တပ်မတော် အခမ်းအနားနေ့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်လက်နက်ကိုင်အဖွဲ့ DKBA နှင့် KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီ၊ ရခိုင်လွတ်မြောက်ရေးပါတီ ( ALP)တို့ဖြစ်ကြောင်းသိရသည်။

ကရင်အမျိုးသား အစည်းအရုံ (KNU)၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် (PNLO)နှင့် RCSS/SSA တို့ တက်ရောက်မည် မဟုတ်ကြောင်းလည်း ်သတင်းရရှိသည်။

NCA လက်မှတ်ရေးုထိုးထာသည့် (၁၀)ဖွဲ့သည် စစ်အာဏာသိမ်းမှု အပေါ် ကန့်ကွက်ကြောင်း နှင့် အာဏာသိမ်းစစ်ကောင်စီ နိုင်ငံရေး အရ ဆွေးနွေးမှု ရပ်ဆိုင်းထားကြောင်း ဖေဖော်ဝါရီလ တွင် သဘောထားထုတ်ပြန်ခဲ့သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...