လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွား

လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွား

မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်း မိသားစုများထံမှ သိရသည်။

အဆိုပါအမျိုးသားနှစ်ဦး၏ နေအိမ်သို့ တပ်မ ၃၃ ဘက် တံဆိပ်အား ဝတ်ဆင်ထားသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့်ရောက်ရှိလာခဲ့ပြီး ခေါ်ဆောင်သွားခဲ့ခြင်းကြောင်း ယခုလိုပြောပြသည်။

“နေအိမ်တွေထဲကိုလည်း ရှာဖွေသွားတယ်၊ဘယ်ကိုခေါ်သွားမှာလဲမေးတော့ ပြောမသွားခဲ့ဘူး” ဟု အဖမ်းဆီးခံရသည့် ကိုမျိုး၏ ဇနီးသည် ဒေါ်ခင်စန်းတင့်ကပြောသည်။

အဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုကျော်မျိုးဦး(ခ)ကိုမျိုးနှင့် ဦးမောင်ဌေးတို့နှစ်ဦးဖြစ်ပြီး၊ငြိမ်းချမ်းသာယာကျေးရွာတွင် နေထိုင်သူများဖြစ်သည်။

ထို့ပြင် အဖမ်းဆီးခံရသူ နှစ်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှစ်ဦးဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ဖားကန့်တွင်ယခုမတ်လအတွင်း စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ဆန္ဒဖော်ထုတ်သူ ပြည်သူရှစ်ဦးအား ဖမ်းဆီးအမှုဖွင့်လှစ် အရေးယူထားရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...