မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်

မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်

အာဏာသိမ်းစစ်တပ်၏ သံချပ်ကာ ကား၊ ဘူဒိုဇာနှင့် စစ်ကားများ အပြင် ရဟတ်ယာဉ်များက မတ်လ ၂၃ ရက်ညတွင်း မြစ်ကြီးနားမြို့တွင်လည့်လည်ခဲ့သောကြောင့် မြို့နေ ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

ည ၁၀ နာရီခန့်အချိန်တွင် မြစ်ကြီးနားမြို့ရှိ ဒူကထောင် နှင့် ရှမ်းစုတောင် လမ်းမများပေါ်တွင် စစ်ကားများဖြင့် လည့်လည်နေသည်ကို မြင်ရကြောင်း ထိုနေရာတွင်ရှိနေသူများက ပြောဆိုကြသည်။

အလားတူ ရဟတ်ယဉ် ၂ စီးခန့်ကလည်း ည ၁၀ ခန့်အချိန်တွင် မြေပြင်နှင့် နီးကပ်စွာ ပျံဝဲခဲ့သောကြောင့် ပြည်သူအများစုက ထိတ်လန့်ခဲ့ရကြောင်း ဆိုသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်မှုများ ပြုလုပ်နေချိန် စစ်တပ်ဘက်ကလည်း ယခုလို လှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...