မီတာခ မပေးလျှင် မီးဖြတ်မည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်

မီတာခ မပေးလျှင် မီးဖြတ်မည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်

ဗန်းမော်ခရိုင် မိုးမောက်မြို့ ရှိ ပြည်သူများကို မီတာခ မပေးဆောင်ပါက မီးဖြတ်မည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့များက လော်စပီကာဖြင့် လိုက်လံခြိမ်း‌‌ခြောက်နေကြောင်း ဒေသခံများ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး အိမ်သုံးမီတာခတွေ ခြွင်းချက်မရှိ ကင်းလွတ်ခွင့်ပေးကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြေညာထားသော်လည်း မိုးမောက်မြို့တွင် မီတာကြေး လာရောက်ပေးဆောင်ရန်နှင့် ပေးဆောင်ခြင်းမပြုပါက မီးဖြတ်မည်ဟု ရပ်ကွက်တိုင်း လော်စပီကာဖြင့် လာရောက်ခြိမ်းခြောက်မူများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရပ်ကွက် တစ်ကွက်နဲ့တစ်ကွက် အော်တဲ့ညတော့မတူဘူး ကျမတို့ဆီမှာ မနေ့ညက ကားနဲ့ ၃ယောက်လောက်လာပြီး လာအော်သွားတယ် ရပ်ကျေးအဖွဲ့လား လျှပ်စစ်ရုံးကလားတော့ သေချာမမြင်လိုက်ဘူး” ဟု ပြောသည်။

အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခ ကျသင့်ငွေနဲ့ မီတာဝန်ဆောင်ခတွေကို သုံးစွဲမှု ယူနစ်အားလုံး အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH မတ် ၁၈ ရက်နေ့မှာ ကြေညာလိုက်သည်။

မိုးမောက်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသော အုပ်ချုပ်ရေးအဖွဲ့များကို ပြည်သူလူထုက လက်မခံဘဲ ကန့်ကွက်နေကြကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...