ကချင်ပြည်သူများ စစ်ပွဲအတွက် မြေကတုတ်ကျင်းများတူးကာ ပြင်ဆင်

ကချင်ပြည်သူများ စစ်ပွဲအတွက် မြေကတုတ်ကျင်းများတူးကာ ပြင်ဆင်

အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ တိုက်ပွဲ ကချင်ပြည်နယ်တွင် ပြန်လည်ပြင်းထန်လာသည်နှင့်အတူ KIO ဌာနချုပ်ရှိ ပြည်သူများကလည်း မြေကတုတ်ကျင်းတူးကာ တိုက်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။

ဝေကြိုင် စစ်ပြေးဒုက္ခသည်များ၏ မြေကတုတ်ကျင်းတူးသည့် ဓါတ်ပုံသည် Simsa Kasa Multimedia စာမျှက်နှာတွင် တက်လာပြီးနောက် လိုင်ဇာဒေသခံ တစ်ဦးကလည်း ယခုလိုပြောသည်။

“စစ်ရှောင်စခန်းမှာတော့ ညလည်း စောစောအိပ်၊ မနက်လည်းစောစော ချက်စားဖို့ ညွန်ကြားထားတယ်တဲ့။ မြို့ပေါ်က လူထုကိုတော့ ကတုတ်ကျင်းတူးပြီး သတိအနေထားရှိနေဖို့ပဲ ပြောထားသေးတယ်။ ကတုတ်ကျင်းတူးရမယ်၊ ရိက္ခာခြောက်ပြင်ဆင်ရမယ်” စသဖြင့် ညွန်ကြားခံထားရကြောင်း သိရသည်။

အလားတူ အသက်ပြည့်သော လူငယ်များသည်လည်း အခြေခံ စစ်ပညာသင်တန်းကို ပုံမှန်သင်ကြားခံယူနေကြောင်း သိရသည်။

လိုင်ဇာဗဟိုဌာနချုပ်သည် တရုတ်နယ်စပ်နှင့် ကပ်လျှက်ရှိသော်လည်း ၎င်းဌာနချုပ်အနီးတစ်ဝိုက်တွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်က ယခင်ကတည်းက လက်နက်ကြီး နှင့် တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခဲ့သည့် အဖြစ်အပျက်ရှိခဲ့သည်။

လက်ရှိအခြေအနေတွင် အာဏာသိမ်းစစ်တပ်၏ မြို့ပေါ်ဖမ်းဆီးနှိပ်စက်မှုများကြောင့် KIO ဌာနချုပ်သို့ နိုင်ငံရေးခိုလှုံလာသူအများအပြားလည်းရှိနေသည်ဟု သိရသည်။

KIO ဌာနချုပ်တွင်သာမက မြို့တော် မြစ်ကြီးနားမြို့ကဲသို့ပင် တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားရန်ဆိုပြီး သတိပေးသည့်ရေးသားမှုများကို လူမှုစာမျှက်နှာပေါ်တွင် ယခုလဆန်းပိုင်းကစပြီး တွေ့မြင်ခဲ့ရသည်။

မတ်လ ၁၁ ရက်နေ့ကစတင်ပြီး ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်တပ် နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်စခန်း၊ ရဲစခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ က တိုက်ခိုက်မှုများ စတင်ခဲ့ပြီး၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၅ စသည့်နေရာများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာနေသည်။

ယခုလို တိုက်ပွဲ စတင်လာသည်နှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်မှုများကိုလည်း မြို့ပေါ်တွင် ပုံမှန် မြင်တွေ့နေရပါသည်။

တစ်ဖက်တွင်လည်း ဆန္ဒဖော်ထုတ်သည့်လူအုပ်တွင် KIA က အကြမ်းဖက်မှုများ ပြုလုပ်လာနိုင်သဖြင့် အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုရန် အာဏာသိမ်းစစ်တပ်က လမ်းဘေးနေရာများတွင် စာရွက်လိုက်ကပ်ထားကို တွေ့ရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...