အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်ထန်းအာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားမျိုးနွယ်စုများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ဆွေး‌နွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်ထန်းအာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားမျိုးနွယ်စုများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ဆွေး‌နွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်ထန်းအာသည် ယမန်နေ့တနင်္ဂနွေနေ့ကပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှဖွဲ့စည်းထေားသောပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေနှင့်တိုင်းရင်းသားမျိုးနွယ်စုများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ဆွေး‌နွေးခဲ့သည်ဟု India Today မီဒီယာတွင်ဖော်ပြထားသည့်သတင်းအရသိရပါသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒီမနက်မှာ အကျိုးများတဲ့ အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်၊ ခုလို ခက်ခဲတဲ့ အချိန်ကာလကို ကြိုးစားရင်ဆိုင်ဖြတ်သန်းနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ ထပ်တူရှိပြီး သူတို့အတွက် ဆုတောင်းပေးနေပါတယ်” “ခင်ဗျားတို့တွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ စိတ်ထိခိုက်နာကျင်မှုတွေဟာ မကြာမီ ပြေလျော့ပျောက်ကွယ်သွားစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်” ဟုလည်း  မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က တွစ်တာတွင် ရေးခဲ့သည်။

တရားမဝင် ဝင်ရောက်မှုကို တားဆီးရန် မြန်မာနှင့် နယ်နမိတ်ထိစပ်နေသော အရှေ့‌မြောက်ပြည်နယ်လေးခုကို အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားထားခဲ့သည် ဆိုသော်ငြားလည်း မြန်မာနိုင်ငံမှ လူပေါင်း ၅၀၀ ကျော်သည် ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်း နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထားခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်ထဲ လာရောက်ခိုလှုံသော မြန်မာနိုင်ငံသားများကို နိုင်ငံရေးခိုလှုံခွင့်နှင့် အကူအညီပေးအပ်ရေးအတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်ထန်းအာက မတ်လ ၁၈ ရက်တွင်  အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီထံ စာရေးသား တောင်းဆိုထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...