အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်ထန်းအာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားမျိုးနွယ်စုများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ဆွေး‌နွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်ထန်းအာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားမျိုးနွယ်စုများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ဆွေး‌နွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်ထန်းအာသည် ယမန်နေ့တနင်္ဂနွေနေ့ကပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှဖွဲ့စည်းထေားသောပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အွန်လိုင်းကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေနှင့်တိုင်းရင်းသားမျိုးနွယ်စုများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ဆွေး‌နွေးခဲ့သည်ဟု India Today မီဒီယာတွင်ဖော်ပြထားသည့်သတင်းအရသိရပါသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒီမနက်မှာ အကျိုးများတဲ့ အစည်းအဝေးတစ်ခု လုပ်ခဲ့ပါတယ်၊ ခုလို ခက်ခဲတဲ့ အချိန်ကာလကို ကြိုးစားရင်ဆိုင်ဖြတ်သန်းနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ ထပ်တူရှိပြီး သူတို့အတွက် ဆုတောင်းပေးနေပါတယ်” “ခင်ဗျားတို့တွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ စိတ်ထိခိုက်နာကျင်မှုတွေဟာ မကြာမီ ပြေလျော့ပျောက်ကွယ်သွားစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်” ဟုလည်း  မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က တွစ်တာတွင် ရေးခဲ့သည်။

တရားမဝင် ဝင်ရောက်မှုကို တားဆီးရန် မြန်မာနှင့် နယ်နမိတ်ထိစပ်နေသော အရှေ့‌မြောက်ပြည်နယ်လေးခုကို အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားထားခဲ့သည် ဆိုသော်ငြားလည်း မြန်မာနိုင်ငံမှ လူပေါင်း ၅၀၀ ကျော်သည် ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်း နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထားခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်ထဲ လာရောက်ခိုလှုံသော မြန်မာနိုင်ငံသားများကို နိုင်ငံရေးခိုလှုံခွင့်နှင့် အကူအညီပေးအပ်ရေးအတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်ထန်းအာက မတ်လ ၁၈ ရက်တွင်  အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီထံ စာရေးသား တောင်းဆိုထားသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...