ပေါင်မှာ အမျိုးသားသုံးဦး ပစ်ခတ်ခံရ ၊ တစ်ဦး ပွဲချင်းပြီး သေဆုံး

ပေါင်မှာ အမျိုးသားသုံးဦး ပစ်ခတ်ခံရ ၊ တစ်ဦး ပွဲချင်းပြီး သေဆုံး

ပေါင်မြို့နယ်မှာ မတ်လ(၁၉)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ပေါင်မြို့မှာ မနေ့ညပိုင်း (၁၁)နာရီခန့်က အမျိုးသားသုံးဦး ဆိုင်ကယ်နှင့် အပြင်ထွက်သွားလာရာမှာ ပေါင်မြို့မရဲစခန်းအနီး လုံခြုံရေးယူနေတဲ့ အကြမ်းဖက် စစ်အုပ်စုက သေနတ်နှင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ပစ်ခတ်လို့ တစ်ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၊ ကျန်တစ်ဦးမှာ ရင်ဘတ်နှင့်ဗိုက်ပေါက်သွားကာ နောက်တစ်ဦးကတော့ လက်မောင်းကို ကြည်ထိမှန်ခဲ့တယ်လို့ အပစ်ခံရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြည်ထိမှန်ပြီး ရင်ဘတ်နှင့်ဗိုက်ပေါက်သွားသူကတော့ မော်လမြိုင် ကုတင်သုံးရာ စစ်ဆေးရုံမှာ အရေးပေါ်ကုသနေရပြီး လက်မောင်းကြည်ထိမှန်သူကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်က ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်နဲ့ ရဲစခန်းရှေ့ဖြတ်သွားတာ၊ အဲမှာ လမ်းပိတ်ထားတော့ ပြန်လှည့်တဲ့အချိန်မှာပဲ စခန်းဘက်က လှမ်းအော်တဲ့အသံကြားတယ်၊ ဘာအသံလဲတော့ မမှတ်မိဘူး၊ အဲမှာဆေးရုံရှေ့နားရောက်မှာ သေနတ်နဲ့ ပစ်လိုက်တာ၊ စစချင်းတော့ ကိုယ့်ကိုသေနတ်ပစ်ခံထိထားတာမသိဘူး၊ နောက်မှလက်မှာ သွေးတွေအရမ်းကျနေပြီး အဲဒါနဲ့ကျွန်တော်သူငယ်ချင်းကို ပြောလိုက်တယ်၊ ငါ့ကိုပြန်ပို့ပေး၊ လမ်းထိပ်ရောက်တော့ ကိုယ့်ဟာကို လမ်းလျှောက်ပြန်သွားတယ်၊ ကျန်တဲ့နှစ်ယောက်က သေနတ်ထိမထိ မသိဘူး၊ မနက်ကမှသိတယ်၊ တစ်ယောက်သေသွားတယ်ဆိုတာ”ဟု လက်မောင်းမှာ သေနတ်ပစ်ခံထိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ညပိုင်း ပေါင်မြို့နယ်က ပစ်ခတ်မှု အပါအဝင် စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကြည်ထိမှန်ပြီး သေဆုံးသူက မွန်ပြည်နယ်မှာ (၄)ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတဝှမ်းမှာတော့ စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် မတ်လ(၁၉)ရက်နေ့အထိ သေဆုံးသူ (၂၃၅) ဦးရှိပြီး ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...