အောင်ပန်း လူထုသပိတ် ကျည်အစစ်ဖြင့် ဖြိုခွင်းခံရသဖြင့် သေဆုံးသူ ရှစ်ဦးရှိ

အောင်ပန်း လူထုသပိတ် ကျည်အစစ်ဖြင့် ဖြိုခွင်းခံရသဖြင့် သေဆုံးသူ ရှစ်ဦးရှိ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ယနေ့ (မတ် ၁၉) နေ့လည် ၁ နာရီထိစာရင်းအရ ကျဆုံးသူ ရှစ်ဦးရှိကြောင်း သိရသည်။

 

အဆိုပါ သပိတ်စစ်ကြောင်းကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ကျည်အစစ်၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်များဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖြိုခွင်းမှုတွင် ကျည်အစစ်ထိမှန်သူ လူဆယ်ဂဏန်းထက်မနည်းရှိခဲ့ပြီး ရာဘာကျည်ထိမှန်သူ အများအပြားရှိကြောင်းသိရသည်။

 

“မနက် ၈ နညရီကနေ ပစ်နေတာ တောက်လျောက်ပဲ ရဲဝတ်စုံနဲ့ အင်အား ၇၀ စစ်သားအင်အား ၁၅၀ လောက်ရှိမယ်။ အရေးပေါ်လူနာတင်ကားတွေ ဝင်မရသေးဘူး" ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။ 

 

အောင်ပန်းမြို့ ဖြိုခွင်းမှုတွင် ပြီးခဲ့သည့်ရက်ပိုင်းတွင်လဲ ကျည်အစစ်ထိမှန်ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...