အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ ယနေ့ညနေ (မတ် ၁၆) ည (၇)နာရီခွဲအချိန်တွင် မြစ်ဆုံအထက် ဂွေထော်ကျေးရွာအနီးနှင့် ရွာများတွင် ပြန်လည် ပစ်ခတ်နေကြောင်း မြစ်ဆုံတဖက်ကမ်းမှ မလိဇွပ်ကျေးရွာဒေသခံတစ်ဦးကပြောသည်။
” ပစ္စည်းတွေအကုန်သိမ်းပြီး လှေပေါ်မှာပဲနေနေတယ်။ စစ်ကားတွေလည်း အများကြီးတက်လာတယ်လို့ပြောတယ်။” ဟု ၎င်းက ပြောသည်။
ယမန်နေ့ညနေက အာဏာသိမ်းစစ်တပ်နှင့် KIA တို့မြစ်ဆုံအထက် ဂွေထော်ကျေးရွာနှင့် အနီးတစ်ဝိုက်ရွာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်တပ်မှ အာဏာသိမ်း ပြီးနောက် မတ်လ (၁၁)ရက်နေ့ကစ၍ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။







