မြစ်ဆုံအထက် ကျေးရွာများတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ

မြစ်ဆုံအထက် ကျေးရွာများတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ

အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး‌ တပ်မတော် KIA တို့ ယနေ့ညနေ (မတ် ၁၆) ည (၇)နာရီခွဲအချိန်တွင် မြစ်ဆုံအထက် ဂွေထော်ကျေးရွာအနီးနှင့် ရွာများတွင် ပြန်လည် ပစ်ခတ်နေကြောင်း မြစ်ဆုံတဖက်ကမ်းမှ မလိဇွပ်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

” ပစ္စည်းတွေအကုန်သိမ်းပြီး လှေပေါ်မှာပဲနေနေတယ်။ စစ်ကားတွေလည်း အများကြီးတက်လာတယ်လို့ပြောတယ်။” ဟု ၎င်းက ပြောသည်။

ယမန်နေ့ညနေက အာဏာသိမ်းစစ်တပ်နှင့် KIA တို့မြစ်ဆုံအထက် ဂွေထော်ကျေးရွာနှင့် အနီးတစ်ဝိုက်ရွာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်တပ်မှ အာဏာသိမ်း ပြီးနောက် မတ်လ (၁၁)ရက်နေ့ကစ၍ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...