ဝိုင်းမော်လူငယ်များက “ဝိုင်းမော်ဝိညာဥ်သပိတ်စစ်ကြောင်း”အဖြစ် ဆန္ဒပြ

ဝိုင်းမော်လူငယ်များက “ဝိုင်းမော်ဝိညာဥ်သပိတ်စစ်ကြောင်း”အဖြစ် ဆန္ဒပြ

စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားသော သူရဲကောင်းတို့အနေဖြင့် အာဏာရှင်စနစ်လုံးဝ မလိုလားကြောင်း အသွင်ဖြင့် ဝိုင်မော်ဒေသခံလူငယ်များက ဒီကနေ့ ညနေပိုင်း လူပ်ရှားမူအစီအစဥ်တစ်ခုပြုလုပ်ခဲ့ကြပါသည်။

၎င်းအစီအစဥ်ကို ဝိုင်းမော် နောင်တာလော ကျွန်းတွင်ပြုလုပ်ခဲ့ကြပြီး ညနေပိုင်း ၅ နာရီမှ ၇နာရီခွဲအထိပြုလုပ်ခဲ့သည်ဟု လူငယ်တစ်ဦးထံမှသိရသည်။

‘ကျွန်ုပ်တို့ ဝိညာဥ်များသည် စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိပါ။ အရေးတော်ပုံအောင်ရမည်၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအလိုမရှိ၊ We Support KIO/KIA ၊ We Need R2P၊ We Want KNU စသည့် စာသားများကိုသဲပြင်ပေါ်တွင် စိုက်ထူကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သောသူများကို စစ်တပ်က ပစ်သတ်မှုများပြုလုပ်နေသဖြင့် ပြည်သူများသည် လူမဲ့သပိတ်အသွင် လုပ်ဆောင်မှုများရှိနေသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...