သျှမ်းမြောက် CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှ ဖယ်ရှားခံရ

သျှမ်းမြောက် CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှ ဖယ်ရှားခံရ

သျှမ်းပြည်မြောက်ပိုင်း တွင် အာဏာကိုဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၃)ရက် တွင် CDM ပါဝင်သည့် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဆေးရုံမှ ဝန်ထမ်း (၁၁)ဦး၊ သိန်နီ ပြည်သူ့ဆေးရုံ မှ (၁၄)ဦး နှင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

ထိုCDM ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို CDM ဆက်မလုပ်ပါက ဆေးရုံတွင်နေခွင့်ပြုမည်ဖြစ်ပြီး၊ ဆက်လက်ပြုလုပ်မည်ဆိုပါက ဖယ်ရှားပေးရန် ရဲ၊စစ်တပ် နှင့် အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားလာကြောင်း သိရသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် CDM ဆက်လက်ပါဝင်မည်ဖြစ်သဖြင့် ဝန်ထမ်းအိမ်ယာမှ ယနေ့ နောက်ဆုံးထားဖယ်ရှားပေးခဲ့သည်။

သျှမ်းမြောက်တွင် နမ့်ဆန်၊မန်တုံ၊ တန့်ယန်းတို့မှ CDM ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများသည် ယခုလ (၁၀)ရက်မှ စတင်ကာ အိမ်ယာမှ ဖယ်ရှားပေးခဲ့ရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...