သျှမ်းမြောက် CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှ ဖယ်ရှားခံရ

သျှမ်းမြောက် CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှ ဖယ်ရှားခံရ

သျှမ်းပြည်မြောက်ပိုင်း တွင် အာဏာကိုဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၃)ရက် တွင် CDM ပါဝင်သည့် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဆေးရုံမှ ဝန်ထမ်း (၁၁)ဦး၊ သိန်နီ ပြည်သူ့ဆေးရုံ မှ (၁၄)ဦး နှင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

ထိုCDM ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို CDM ဆက်မလုပ်ပါက ဆေးရုံတွင်နေခွင့်ပြုမည်ဖြစ်ပြီး၊ ဆက်လက်ပြုလုပ်မည်ဆိုပါက ဖယ်ရှားပေးရန် ရဲ၊စစ်တပ် နှင့် အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားလာကြောင်း သိရသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် CDM ဆက်လက်ပါဝင်မည်ဖြစ်သဖြင့် ဝန်ထမ်းအိမ်ယာမှ ယနေ့ နောက်ဆုံးထားဖယ်ရှားပေးခဲ့သည်။

သျှမ်းမြောက်တွင် နမ့်ဆန်၊မန်တုံ၊ တန့်ယန်းတို့မှ CDM ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများသည် ယခုလ (၁၀)ရက်မှ စတင်ကာ အိမ်ယာမှ ဖယ်ရှားပေးခဲ့ရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...