ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် အဖမ်းခံရသည့် ၂၃ ဦးမှ ၁၉ ဦး ပြန်လွှတ်ပေး၊ ၄ ဦး ဆက်ဖမ်းထား

ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် အဖမ်းခံရသည့် ၂၃ ဦးမှ ၁၉ ဦး ပြန်လွှတ်ပေး၊ ၄ ဦး ဆက်ဖမ်းထား

Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၁ ရက်နေ့က တပ်မတော် အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူ ၂၃ ဦးအား ဖမ်းဆီးခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ၁၉ ဦး ပြန်လွှတ်ပေးလိုက်ပြီး ၄ ဦး ဆက်ဖမ်းထားကြောင်း သိရသည်။

“ဒီနေ့ပြန်လွှတ်ပေးတာက ၁၉ ဦးပါ၊ သတင်းထောက်လည်းပါတယ်၊ ဆက်ဖမ်းထားတဲ့ လေးဦးက အစိုးရဝန်ထမ်း နှစ်ဦး၊ NGO ဝန်ထမ်း ၁ ဦး နှင့် ပုလဲစတိုးက ဝန်ထမ်း ၁ ဦးပါ၊ ဘာကြောင့် ဆက်ဖမ်းထားတာလည်းဆိုတာတော့ မသိရဘူး” ဟု ဟားခါးမြို့ခံ တစ်ဦးမှပြောသည်။

ယမန်နေ့ညနေပိုင်းတွင် ဟားခါးမြို့ လမ်းဆုံအနီးတွင် ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများအား ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံး၊ ရေကားများဖြင့် ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်ခဲ့သူများအား ပုန်းခိုနေသည့် နေအိမ်များထိ လိုက်လံရှာဖွေကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...