ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် အဖမ်းခံရသည့် ၂၃ ဦးမှ ၁၉ ဦး ပြန်လွှတ်ပေး၊ ၄ ဦး ဆက်ဖမ်းထား

ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် အဖမ်းခံရသည့် ၂၃ ဦးမှ ၁၉ ဦး ပြန်လွှတ်ပေး၊ ၄ ဦး ဆက်ဖမ်းထား

Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၁ ရက်နေ့က တပ်မတော် အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူ ၂၃ ဦးအား ဖမ်းဆီးခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ၁၉ ဦး ပြန်လွှတ်ပေးလိုက်ပြီး ၄ ဦး ဆက်ဖမ်းထားကြောင်း သိရသည်။

“ဒီနေ့ပြန်လွှတ်ပေးတာက ၁၉ ဦးပါ၊ သတင်းထောက်လည်းပါတယ်၊ ဆက်ဖမ်းထားတဲ့ လေးဦးက အစိုးရဝန်ထမ်း နှစ်ဦး၊ NGO ဝန်ထမ်း ၁ ဦး နှင့် ပုလဲစတိုးက ဝန်ထမ်း ၁ ဦးပါ၊ ဘာကြောင့် ဆက်ဖမ်းထားတာလည်းဆိုတာတော့ မသိရဘူး” ဟု ဟားခါးမြို့ခံ တစ်ဦးမှပြောသည်။

ယမန်နေ့ညနေပိုင်းတွင် ဟားခါးမြို့ လမ်းဆုံအနီးတွင် ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများအား ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံး၊ ရေကားများဖြင့် ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်ခဲ့သူများအား ပုန်းခိုနေသည့် နေအိမ်များထိ လိုက်လံရှာဖွေကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...