လူစုလူဝေး ခွင့်မပြုသော်လည်း ဝိုင်မော်တွင် စစ်အာဏာရှင်ကို ပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်

လူစုလူဝေး ခွင့်မပြုသော်လည်း ဝိုင်မော်တွင် စစ်အာဏာရှင်ကို ပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထွေထွေသပိတ်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲ မပြုလုပ်နိုင်ရန် ရဲနှင့်စစ်သားများက မနက် ၉နာရီခွဲအချိန်ခန့်တွင် လူစုနေရာတွင် ရောက်လာပြီး လူစုကို ဖြိုခွင်းလိုက်သည်။

လူစုလူဝေးပြုလုပ်နေသည့် နေရာအနီးတဝိုက်တွင် စစ်အင်အားများထပ်မံတိုးမြင့်ထားပြီး ဆန္ဒထုတ်ဖော်သူများနှင့် သတင်းထောက်များကိုပင် လိုက်လံဖမ်းဆီးမှုတွေပြု လုပ်ခဲ့သည်။

၎င်းနေရာတွင် လူစုကွဲသွားပြီးနောက် ၁၀နာရီခွဲအချိန်ခန့်တွင် ဝိုင်းမော် အထက(၂) အနောက်ဘက်ခြမ်းရှိ လမ်းသွယ်လမ်းကြားတွင် ဆန္ဒပြသည့် ပြည်သူများထပ်မံ လူအင်အားထောင်ချီစုဝေးပြီး လမ်းမကြီးဘက်သို့ ထပ်မံထွက်ခဲ့ရာ ရဲနှင့်စစ်သားများက ဒုတိယအကြိမ် ထပ်မံတားမြစ်ပိတ်ဆို့ခဲ့သည်။

ထိုအချိန် ဝိုင်းမော် ဝါးရှောင်ဆရာတော်က ရဲနှင့်ပြည်သူကြားဝင်ရောက်ညှိနှိုင်းပေးသောကြောင့်  နံနက်ပိုင်း ၁၁ နာရီခွဲအထိ ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့သည်။

ယနေ့ဆန္ဒထုတ်ဖော်မှုတွင် ရဲနှင့်စစ်သားများက ရိုက်နက်ဖမ်းဆီးမှုမရှိခဲ့သော်လည်း ၁၁နာရီခန့်အချိန်တွင် ထပ်မံလူစုခွဲရန် လာရောက်တားမြစ်ခဲ့သောကြောင့် ဆန္ဒပြသည့် ပြည်သူများအနေဖြင့်လည်း လူစုခွဲပြီး ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်လိုက်ကြောင်းသိရသည်။

ဝိုင်းမော်မြို့အတွင်း အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ရက်နေ့ ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦးကို ဖမ်းဆီးခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်သို့ပို့လိုက်ကြောင်းသိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...