CDM တွင်ပါဝင်ပါက လစာရရှိမည်မဟုတ်ဟု ပူတာအိုပညာရေးဝန်ထမ်းများ ဖိအားပေးခံနေရ

CDM တွင်ပါဝင်ပါက လစာရရှိမည်မဟုတ်ဟု ပူတာအိုပညာရေးဝန်ထမ်းများ ဖိအားပေးခံနေရ

ပူတာအိုအထက်တန်းကျောင်းရှိ ပညာရေး၀န်ထမ်းများအနေဖြင့် CDM မှာပါ၀င်ပါက လစာရရှိမည်မဟုတ်ကြောင်း အထက်အရာရှိမှ ဖိအားပေးနေကြောင်း ပညာရေး၀န်ထမ်း တဦးထံမှ သိရသည်။

" စစ်တပ်ကနေပြီးမှ ရုံးတက်ရုံးဆင်းလက်မှတ်တွေ၊ CDMမှာပါ၀င်တဲ့ စာရင်း‌တွေတောင်းခိုင်းတဲ့အတွက် ဆရာကြီးက CDM လုပ်မလုပ်၊ လုပ်လို့ရှိရင် လစာမရဘူး။ မလုပ်လို့ရှိရင် လစာထုတ်ပေးမယ်လို့ပြောလာတယ်။" ဟု ၎င်းကပြောသည်။

ပူတာအိုအထက်တန်းကျောင်းရှိ ပညာရေး၀န်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှု‌တွင် ယခင်ကတည်းက ပူးပေါင်းပါ၀င်ပြီးသားဖြစ်သည့်အပြင် ဆက်လက်ပြီးလည်း ပါ၀င်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

"လခထုတ်တာနဲ့ပတ်သတ်ပြီး လက်မှတ်ထိုးခိုင်းတာတို့၊ CDM လုပ်မလုပ်ပြတ်ပြတ်သားသားဆုံးဖြတ်ခိုင်းလာလို့ရှိရင် ကျွန်မတို့က CDM ပဲလုပ်မယ်လို့ တိုင်ပင်ထားတာရှိတယ်။" ဟု ပြောသည်။

ထိုကဲ့သို့ ၀န်ထမ်းများကို CDM တွင် မပါ၀င်ရန်အတွက် အခြားမြို့နယ်များတွင်လည်း ဖိအားပေးခံရမှုများရှိနေကြောင်း သိရသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...