CDM တွင်ပါဝင်ပါက လစာရရှိမည်မဟုတ်ဟု ပူတာအိုပညာရေးဝန်ထမ်းများ ဖိအားပေးခံနေရ

CDM တွင်ပါဝင်ပါက လစာရရှိမည်မဟုတ်ဟု ပူတာအိုပညာရေးဝန်ထမ်းများ ဖိအားပေးခံနေရ

ပူတာအိုအထက်တန်းကျောင်းရှိ ပညာရေး၀န်ထမ်းများအနေဖြင့် CDM မှာပါ၀င်ပါက လစာရရှိမည်မဟုတ်ကြောင်း အထက်အရာရှိမှ ဖိအားပေးနေကြောင်း ပညာရေး၀န်ထမ်း တဦးထံမှ သိရသည်။

" စစ်တပ်ကနေပြီးမှ ရုံးတက်ရုံးဆင်းလက်မှတ်တွေ၊ CDMမှာပါ၀င်တဲ့ စာရင်း‌တွေတောင်းခိုင်းတဲ့အတွက် ဆရာကြီးက CDM လုပ်မလုပ်၊ လုပ်လို့ရှိရင် လစာမရဘူး။ မလုပ်လို့ရှိရင် လစာထုတ်ပေးမယ်လို့ပြောလာတယ်။" ဟု ၎င်းကပြောသည်။

ပူတာအိုအထက်တန်းကျောင်းရှိ ပညာရေး၀န်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှု‌တွင် ယခင်ကတည်းက ပူးပေါင်းပါ၀င်ပြီးသားဖြစ်သည့်အပြင် ဆက်လက်ပြီးလည်း ပါ၀င်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

"လခထုတ်တာနဲ့ပတ်သတ်ပြီး လက်မှတ်ထိုးခိုင်းတာတို့၊ CDM လုပ်မလုပ်ပြတ်ပြတ်သားသားဆုံးဖြတ်ခိုင်းလာလို့ရှိရင် ကျွန်မတို့က CDM ပဲလုပ်မယ်လို့ တိုင်ပင်ထားတာရှိတယ်။" ဟု ပြောသည်။

ထိုကဲ့သို့ ၀န်ထမ်းများကို CDM တွင် မပါ၀င်ရန်အတွက် အခြားမြို့နယ်များတွင်လည်း ဖိအားပေးခံရမှုများရှိနေကြောင်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...