ဆလိုင်းယောဇဉ် — ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ရှိ ဆလိုင်း ခေမင်းနေအိမ်ခြံဝန်းတွင် ဗန်းမော်ခရိုင် ချင်းအမျိုးသားရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှယခုလ ၂၀ရက်နေ့ကကျရောက်သော (၇၃)နှစ်မြောက်ချင်:အမျိုးသားနေ့ကိုအကျဉ်း ရုံး ကျင်:ပပြုလုပ်ခဲ့ကြောင်း ဥက္ကဋ္ဌဆလိုင်းထန်ဟုန် :၏ပြောကြားချက်အရသိရသည်။
အဆိုပါ ချင်းအမျိုးသားနေ့ကို ယခင်အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကျွန်:မာရေး လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စီမံပြီး ချင်းအမျိုးသားဘွဲ့ရ လူငယ်၂ ဦး၊ ၂၀၂၀ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲမှ ဖြေဆို အောင်မြင်သူ လူငယ် ၁၂ ဦး၊အသက်၇၀ နှစ်အထက် သက်ကြီးရွယ်အို ၁၈ ဦး၊COVID-19 ဒု တိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း၊ ချို့တဲ့ အိမ်ထောင်စုနှင့် မသန်စွမ်းသူများအား ဆန်၊ ဆီ ဆား၊ ကုလားပဲ စသည့် အခြေခံစားကုန်ပစ္စည်းထောက်ပံ့ပေးအပ်ခြင်းတို့ကို အဓိကထားကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းအတွင်းရေးမှူး ဆလိုင်းသောင်းခိုလွန်းကပြောသည်။
ဗန်းမော် ခရိုင် ချင်းအမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းကို ၂၀၁၂ ခုနှစ်ကတည်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခုအခါတွင် ဗန်းမော်ခရိုင်အတွင်း ချင်းတိုင်းရင်းသား အိမ်ထောင်စု ၁၀၀ ခန့်ရှိသည်ဟုဆိုသည်။







