ဗန်းမော်ခရိုင် ချင်းအမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှ (၇၃)နှစ်မြောက်ချင်းအမျိုးသားနေ့ အကျဉ်းရုံးပြုလုပ်

ဗန်းမော်ခရိုင် ချင်းအမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှ (၇၃)နှစ်မြောက်ချင်းအမျိုးသားနေ့ အကျဉ်းရုံးပြုလုပ်

ဆလိုင်းယောဇဉ် —  ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ရှိ ဆလိုင်း ခေမင်းနေအိမ်ခြံဝန်းတွင် ဗန်းမော်ခရိုင် ချင်းအမျိုးသားရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှယခုလ ၂၀ရက်နေ့ကကျရောက်သော (၇၃)နှစ်မြောက်ချင်:အမျိုးသားနေ့ကိုအကျဉ်း ရုံး ကျင်:ပပြုလုပ်ခဲ့ကြောင်း ဥက္ကဋ္ဌဆလိုင်းထန်ဟုန် :၏ပြောကြားချက်အရသိရသည်။

အဆိုပါ ချင်းအမျိုးသားနေ့ကို ယခင်အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကျွန်:မာရေး လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စီမံပြီး ချင်းအမျိုးသားဘွဲ့ရ လူငယ်၂ ဦး၊ ၂၀၂၀ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲမှ ဖြေဆို အောင်မြင်သူ လူငယ် ၁၂ ဦး၊အသက်၇၀ နှစ်အထက် သက်ကြီးရွယ်အို ၁၈ ဦး၊COVID-19 ဒု တိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း၊ ချို့တဲ့ အိမ်ထောင်စုနှင့် မသန်စွမ်းသူများအား  ဆန်၊ ဆီ ဆား၊ ကုလားပဲ စသည့် အခြေခံစားကုန်ပစ္စည်းထောက်ပံ့ပေးအပ်ခြင်းတို့ကို အဓိကထားကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းအတွင်းရေးမှူး ဆလိုင်းသောင်းခိုလွန်းကပြောသည်။

ဗန်းမော် ခရိုင် ချင်းအမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းကို ၂၀၁၂ ခုနှစ်ကတည်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခုအခါတွင် ဗန်းမော်ခရိုင်အတွင်း ချင်းတိုင်းရင်းသား အိမ်ထောင်စု ၁၀၀ ခန့်ရှိသည်ဟုဆိုသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...