ဗန်းမော်ခရိုင် ချင်းအမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှ (၇၃)နှစ်မြောက်ချင်းအမျိုးသားနေ့ အကျဉ်းရုံးပြုလုပ်

ဗန်းမော်ခရိုင် ချင်းအမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှ (၇၃)နှစ်မြောက်ချင်းအမျိုးသားနေ့ အကျဉ်းရုံးပြုလုပ်

ဆလိုင်းယောဇဉ် —  ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ရှိ ဆလိုင်း ခေမင်းနေအိမ်ခြံဝန်းတွင် ဗန်းမော်ခရိုင် ချင်းအမျိုးသားရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှယခုလ ၂၀ရက်နေ့ကကျရောက်သော (၇၃)နှစ်မြောက်ချင်:အမျိုးသားနေ့ကိုအကျဉ်း ရုံး ကျင်:ပပြုလုပ်ခဲ့ကြောင်း ဥက္ကဋ္ဌဆလိုင်းထန်ဟုန် :၏ပြောကြားချက်အရသိရသည်။

အဆိုပါ ချင်းအမျိုးသားနေ့ကို ယခင်အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကျွန်:မာရေး လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ စီမံပြီး ချင်းအမျိုးသားဘွဲ့ရ လူငယ်၂ ဦး၊ ၂၀၂၀ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲမှ ဖြေဆို အောင်မြင်သူ လူငယ် ၁၂ ဦး၊အသက်၇၀ နှစ်အထက် သက်ကြီးရွယ်အို ၁၈ ဦး၊COVID-19 ဒု တိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း၊ ချို့တဲ့ အိမ်ထောင်စုနှင့် မသန်စွမ်းသူများအား  ဆန်၊ ဆီ ဆား၊ ကုလားပဲ စသည့် အခြေခံစားကုန်ပစ္စည်းထောက်ပံ့ပေးအပ်ခြင်းတို့ကို အဓိကထားကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းအတွင်းရေးမှူး ဆလိုင်းသောင်းခိုလွန်းကပြောသည်။

ဗန်းမော် ခရိုင် ချင်းအမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးအသင်းကို ၂၀၁၂ ခုနှစ်ကတည်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယခုအခါတွင် ဗန်းမော်ခရိုင်အတွင်း ချင်းတိုင်းရင်းသား အိမ်ထောင်စု ၁၀၀ ခန့်ရှိသည်ဟုဆိုသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...