ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နို်င်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးမည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နို်င်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးမည်

ချစ်အိလှိုင် - ရခိုုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅ဝ၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအား လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည်ဟု ဦးညီပု၏ သမီး မမိုးဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့သိရသလောက်ကတော့ စစ်တွေမြို့နယ်ရုံးမှာ ၅ဝ၅ (ခ)နဲ့စွဲတယ်။ လာမယ့် တနင်္လာနေ့ပေါ့။ ရုံးထုတ်မယ်လို့ ကြားပါတယ်ရှင့်” ဟုပြောသည်။

ဦးညီပုကို အမှုဖွင့်ထားသည်မှာ မှန်ကန်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက အတည်ပြုသော်လည်း လက်ရှိတွင် ဝန်ကြီးချုပ်အားထိန်းသိမ်းထားသည့်နေရာကိုမူ မသိရှိဟု ပြောသည်။

“သူ့ကို ဒီမှာတရားစွဲထားတယ်ဆိုတော့ ဒီမှာရှိမှာပေါ့။ အမှုဖွင့်ထားတာအတည်ပြုလို့ရတယ်။ သူ့ကို အမှုဖွင့်ထားတယ်။ အသေးစိတ်တော့ မမှတ်မိဘူး။”ဟု ပြောသည်။

ဝန်ကြီးချုပ်ဦးညီပုအား ဖေဖော်ဝါရီ ၁ဝ ရက်နေ့ ည ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ဂွမြို့နယ်ရှိသူ့နေအိမ်မှ တပ်မတော်သားများက ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးဟု မိသားစုဝင်များက ပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...