ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နို်င်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးမည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နို်င်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးမည်

ချစ်အိလှိုင် - ရခိုုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅ဝ၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအား လာမည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည်ဟု ဦးညီပု၏ သမီး မမိုးဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့သိရသလောက်ကတော့ စစ်တွေမြို့နယ်ရုံးမှာ ၅ဝ၅ (ခ)နဲ့စွဲတယ်။ လာမယ့် တနင်္လာနေ့ပေါ့။ ရုံးထုတ်မယ်လို့ ကြားပါတယ်ရှင့်” ဟုပြောသည်။

ဦးညီပုကို အမှုဖွင့်ထားသည်မှာ မှန်ကန်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက အတည်ပြုသော်လည်း လက်ရှိတွင် ဝန်ကြီးချုပ်အားထိန်းသိမ်းထားသည့်နေရာကိုမူ မသိရှိဟု ပြောသည်။

“သူ့ကို ဒီမှာတရားစွဲထားတယ်ဆိုတော့ ဒီမှာရှိမှာပေါ့။ အမှုဖွင့်ထားတာအတည်ပြုလို့ရတယ်။ သူ့ကို အမှုဖွင့်ထားတယ်။ အသေးစိတ်တော့ မမှတ်မိဘူး။”ဟု ပြောသည်။

ဝန်ကြီးချုပ်ဦးညီပုအား ဖေဖော်ဝါရီ ၁ဝ ရက်နေ့ ည ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ဂွမြို့နယ်ရှိသူ့နေအိမ်မှ တပ်မတော်သားများက ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးဟု မိသားစုဝင်များက ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...