ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ဒီကနေ သမဝါယမဦးစီးဌာနက ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦး ဌာနက ဝန်ထမ်းတွေလည်း ပူးပေါင်းပါလာခဲ့တယ်လို့ ကြားသိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက် ဆန္ဒပြပြည်သူတွေက နောင်ယားကန်မှာ မနက် ၇ နာရီခွဲကတည်းကလူစုပြီး မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ မနက် အစော ကတည်းက ရုံးဝန်ထမ်းတွေ ရုံးမတက်ဖို့သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

တချို့အစိုးရဝန်ထမ်းတွေမှာ CDM မလုပ်ဖို့ အထက်ကအရာရှိတွေ ဖိအားပေးနေတာရှိတဲ့အတွက် ဆန္ဒပြနေချိန် မိမိတို့ ဌာနဆိုင်ရာ ဝတ်စုံတွေကို မဝတ်ပဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းနေတာလည်းတွေ့ရပါတယ်။

ဌာနဆိုင်ရာတွေနဲ့ ဆန္ဒပြပြည်သူအင်အား သောင်းချီပြီး မြန်မာ့စီးပွားရေးဘဏ်ရှေ့လမ်မပေါ်မှာ လမ်းအပြည့်ဖြင့် ထိုင်သပိတ် ဆန္ဒပြခဲ့ကြတာပါ။

စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို လူစုခွဲဖို့ စတင်နေချိန်မှာပဲ ဆန္ဒပြပြည်သူတွေက ထိုင်သပိတ်ကနေ မြို့ထဲပတ်ပြီး ဆက်လက်ချီတက်သွားခဲ့ကြတာပါ။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...