ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ဒီကနေ သမဝါယမဦးစီးဌာနက ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦး ဌာနက ဝန်ထမ်းတွေလည်း ပူးပေါင်းပါလာခဲ့တယ်လို့ ကြားသိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက် ဆန္ဒပြပြည်သူတွေက နောင်ယားကန်မှာ မနက် ၇ နာရီခွဲကတည်းကလူစုပြီး မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ မနက် အစော ကတည်းက ရုံးဝန်ထမ်းတွေ ရုံးမတက်ဖို့သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

တချို့အစိုးရဝန်ထမ်းတွေမှာ CDM မလုပ်ဖို့ အထက်ကအရာရှိတွေ ဖိအားပေးနေတာရှိတဲ့အတွက် ဆန္ဒပြနေချိန် မိမိတို့ ဌာနဆိုင်ရာ ဝတ်စုံတွေကို မဝတ်ပဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းနေတာလည်းတွေ့ရပါတယ်။

ဌာနဆိုင်ရာတွေနဲ့ ဆန္ဒပြပြည်သူအင်အား သောင်းချီပြီး မြန်မာ့စီးပွားရေးဘဏ်ရှေ့လမ်မပေါ်မှာ လမ်းအပြည့်ဖြင့် ထိုင်သပိတ် ဆန္ဒပြခဲ့ကြတာပါ။

စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို လူစုခွဲဖို့ စတင်နေချိန်မှာပဲ ဆန္ဒပြပြည်သူတွေက ထိုင်သပိတ်ကနေ မြို့ထဲပတ်ပြီး ဆက်လက်ချီတက်သွားခဲ့ကြတာပါ။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...