ဟားခါးမြို့၊ ဂန့်ဂေါလမ်း Covid ထိန်းချုပ်ရေး Toll gate တွင် Covid စစ်ဆေးရာ Positive လူနာ ၆ ဦးတွေ့ရှိ

ဟားခါးမြို့၊ ဂန့်ဂေါလမ်း Covid ထိန်းချုပ်ရေး Toll gate တွင် Covid စစ်ဆေးရာ Positive လူနာ ၆ ဦးတွေ့ရှိ

ယနေ့ဟားခါးမြို့ ဂန့်ဂေါ်လမ်းရှိ Toll Gate တွင် ဟားခါးမြို့သို့ဝင်လာသော ခရီးသည်များအား ကိုဗစ်ရှိမရှိ စစ်ဆေးရာတွင် Positive လူနာ ၆ဦးတွေ့ရှိကြောင်းသိရသည်။

"ဒီနေ့ ကျွန်တော်တို့ စစ်ထားတာက လူ ၁၅ ယောက်စစ်ထားတာပေါ့နော်၊ ၁၅ ယောက်စစ်ထားတဲ့ထဲမှာ မန္တလေးက ၂ ယောက်၊ ပခုက္ကူက ၄ ယောက် ဖြစ်တယ်၊ ၆ ယောက်ပေါ့။ ပြီးတော့ ဒီ positive ဖြစ်တဲ့ လူနာတွေကို ကျွန်တော်တို့ တိုင်းရင်းဆေးရုံမှာ ဆေးကုသဖို့ ပို့ဆောင်လိုက်တယ်။ထိတွေ့လူနာတွေက နောက်လိုက် ၃ ယောက်ကို GTI မှာ Q ဝင်ဖို့ ပို့ဆောင်လိုက်ပြီ၊ ပြီးတော့ ထိတွေ့လူနာထဲမှာ အမျိုးသမီးတစ်ယောက်နှင့် ကလေးတစ်ယောက်ပါတယ်။ " ဟု ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးထံ သိရသည်။

ဟားခါးမြို့ ဂန့်ဂေါလမ်း Toll gate တွင်  ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန နှင့် ကျန်းမာရေး ဦးစီးဌာန ပူပေါင်းပြီး  Covid စစ်ဆေးရေးလုပ်ဆောင်သည့် တာဝန်ရှိသူထံမှ သတင်းရရှိခြင်း ဖြစ်ပါသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...