ဟားခါးမြို့၊ ဂန့်ဂေါလမ်း Covid ထိန်းချုပ်ရေး Toll gate တွင် Covid စစ်ဆေးရာ Positive လူနာ ၆ ဦးတွေ့ရှိ

ဟားခါးမြို့၊ ဂန့်ဂေါလမ်း Covid ထိန်းချုပ်ရေး Toll gate တွင် Covid စစ်ဆေးရာ Positive လူနာ ၆ ဦးတွေ့ရှိ

ယနေ့ဟားခါးမြို့ ဂန့်ဂေါ်လမ်းရှိ Toll Gate တွင် ဟားခါးမြို့သို့ဝင်လာသော ခရီးသည်များအား ကိုဗစ်ရှိမရှိ စစ်ဆေးရာတွင် Positive လူနာ ၆ဦးတွေ့ရှိကြောင်းသိရသည်။

"ဒီနေ့ ကျွန်တော်တို့ စစ်ထားတာက လူ ၁၅ ယောက်စစ်ထားတာပေါ့နော်၊ ၁၅ ယောက်စစ်ထားတဲ့ထဲမှာ မန္တလေးက ၂ ယောက်၊ ပခုက္ကူက ၄ ယောက် ဖြစ်တယ်၊ ၆ ယောက်ပေါ့။ ပြီးတော့ ဒီ positive ဖြစ်တဲ့ လူနာတွေကို ကျွန်တော်တို့ တိုင်းရင်းဆေးရုံမှာ ဆေးကုသဖို့ ပို့ဆောင်လိုက်တယ်။ထိတွေ့လူနာတွေက နောက်လိုက် ၃ ယောက်ကို GTI မှာ Q ဝင်ဖို့ ပို့ဆောင်လိုက်ပြီ၊ ပြီးတော့ ထိတွေ့လူနာထဲမှာ အမျိုးသမီးတစ်ယောက်နှင့် ကလေးတစ်ယောက်ပါတယ်။ " ဟု ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးထံ သိရသည်။

ဟားခါးမြို့ ဂန့်ဂေါလမ်း Toll gate တွင်  ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန နှင့် ကျန်းမာရေး ဦးစီးဌာန ပူပေါင်းပြီး  Covid စစ်ဆေးရေးလုပ်ဆောင်သည့် တာဝန်ရှိသူထံမှ သတင်းရရှိခြင်း ဖြစ်ပါသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...