CDM မှာထွေအုပ်ဝန်ထမ်းတွေ ပါဝင်မှု အားနည်း

CDM မှာထွေအုပ်ဝန်ထမ်းတွေ ပါဝင်မှု အားနည်း

အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” လှုပ်ရှားမှုတွေမှာ ထွေအုပ်ဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အားနည်းနေတယ်လို့ ဆန္ဒဖော်ထုတ်နေသူတွေက ပြောပါတယ်။

စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ ၊ မြန်မာ့မီးရထားဝန်ထမ်းတွေ ၊ အခြားဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်မှု အားနည်းနေသေးတယ်လို့ ဆန္ဒဖော်ထုတ်နေသူတွေက ပြောပါတယ်။

“ပြဿနာတစ်ခုက ဘာလည်းဆိုတော့ မြို့နယ်ထွေအုပ်အပိုင်းပေါ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေါင်းစပ်မှုမရှိဘူး၊ အဲဒါတစ်ခုရှိတယ်၊ ကျန်တဲ့ဌာနကတော့ တော်တော်များများပါပါတယ်”လို့ ဆန္ဒဖော်ထုတ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတဝှမ်းက CDM လှုပ်ရှားမှုတွေမှာ ဘဏ်ဝန်ထမ်းအများစု ပါဝင်ခဲ့လို့ ပုဂ္ဂလိက ဘဏ်တွေက ပိတ်ထားရပါတယ်။

အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ရာမှာ CDM က အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ၈၈တုန်းက CDM ကို မလုပ်နိုင်ခဲ့လို့ ကျွန်မတို့ ရှုံးခဲ့တယ်။ ဒီတစ်ခါတော့ မနိုင် နိုင်အောင် CDM ကို ကျွန်မတို့ လုပ်ရမယ်။ CDM သည် ၁၀၀ ရာခိုင်နှုန်း အရေးကြီးတယ်လို့ ကျွန်မ ခံယူတယ်”လို့ မော်လမြိုင်တက္ကသိုလ်က ဆရာမတစ်ဦးက ပြောပါတယ်။

နိုင်ငံတဝှမ်းက ပြည်သူတွေကတော့ အာဏာသိမ်းစစ်အစိုးရကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေကြပြီး ဆန္ဒဖော်ထုတ်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...