ည(၉)နာရီကျော်အချိန် အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ CUSR အဖွဲ့ဝင် မိုင်ရတနာအောင်အား နေအိမ်မှနေ၍ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား

ည(၉)နာရီကျော်အချိန် အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ CUSR အဖွဲ့ဝင် မိုင်ရတနာအောင်အား နေအိမ်မှနေ၍ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်း/ သူများအဖွဲ့ (CUSR)
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်း/ သူများအဖွဲ့ (CUSR)

CUSR အဖွဲ့ဝင်တစ်ဦး ဖြစ်သူ မိုင်ရတနာအောင် အား အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ ည (၉)နာရီကျော်အချိန် သူမ၏ နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင် ခဲ့ကြပါတယ်။

အဆိုပါ အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ မိုင်ရတနာအောင်အား ညအချိန်မတော် လာရောက် ဖမ်းဆီးခဲ့မှုဖြစ်စဥ်ကို မေးမြန်းကြည့်ရာ သူမ၏ မိခင် ဒေါ်တင်တင်အောင်မှ -

`` ရဲတွေ ည (၉) နာရီလောက်မှာ အိမ်ကို လာပြီးတော့ ဖမ်းခေါ်သွားကြတာပါ။ ဖမ်းဝရမ်းတွေလည်း မပြဘူး။ ဆန္ဒပြလို့ လာဖမ်းတာဆိုပြီးတော့ ပြောပါတယ်။ အခုလို ညကြီးအချိန် မတော် လာဖမ်းတာဆို တော့ အန်တီ့အနေနဲ့ သမီးလေးအတွက် အတော် စိုးရိမ်မိပါတယ်။ မိန်းကလေးလည်း ဖြစ်နေတော့ ဆိုပြီး ပြောသွားခဲ့ပါတယ်။

မိုင်ရတနာအောင်မှာ CUSR အဖွဲ့ဝင်တစ်ဦး ဖြစ်သလို CUSR-Ann ၏ အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုမျိုး အပြစ်မဲ့ မိန်းကလေးတစ်ဦးအား ညကြီး အချိန်မတော် လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြသည့် အမ်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို CUSR မှ အပြင်းအထန် ကန့်ကွက် ရှုံ့ချပါတယ်။

May 26, 2026
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့်...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...