ည(၉)နာရီကျော်အချိန် အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ CUSR အဖွဲ့ဝင် မိုင်ရတနာအောင်အား နေအိမ်မှနေ၍ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား

ည(၉)နာရီကျော်အချိန် အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ CUSR အဖွဲ့ဝင် မိုင်ရတနာအောင်အား နေအိမ်မှနေ၍ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်း/ သူများအဖွဲ့ (CUSR)
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်း/ သူများအဖွဲ့ (CUSR)

CUSR အဖွဲ့ဝင်တစ်ဦး ဖြစ်သူ မိုင်ရတနာအောင် အား အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ ည (၉)နာရီကျော်အချိန် သူမ၏ နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင် ခဲ့ကြပါတယ်။

အဆိုပါ အမ်းမြို့မ ရဲတပ်ဖွဲ့ဝင်များမှ မိုင်ရတနာအောင်အား ညအချိန်မတော် လာရောက် ဖမ်းဆီးခဲ့မှုဖြစ်စဥ်ကို မေးမြန်းကြည့်ရာ သူမ၏ မိခင် ဒေါ်တင်တင်အောင်မှ -

`` ရဲတွေ ည (၉) နာရီလောက်မှာ အိမ်ကို လာပြီးတော့ ဖမ်းခေါ်သွားကြတာပါ။ ဖမ်းဝရမ်းတွေလည်း မပြဘူး။ ဆန္ဒပြလို့ လာဖမ်းတာဆိုပြီးတော့ ပြောပါတယ်။ အခုလို ညကြီးအချိန် မတော် လာဖမ်းတာဆို တော့ အန်တီ့အနေနဲ့ သမီးလေးအတွက် အတော် စိုးရိမ်မိပါတယ်။ မိန်းကလေးလည်း ဖြစ်နေတော့ ဆိုပြီး ပြောသွားခဲ့ပါတယ်။

မိုင်ရတနာအောင်မှာ CUSR အဖွဲ့ဝင်တစ်ဦး ဖြစ်သလို CUSR-Ann ၏ အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုမျိုး အပြစ်မဲ့ မိန်းကလေးတစ်ဦးအား ညကြီး အချိန်မတော် လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြသည့် အမ်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို CUSR မှ အပြင်းအထန် ကန့်ကွက် ရှုံ့ချပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...