မြဝတီခရိုင်ဆေးရုံးဝန်ထမ်းများမှ Civil Disobedience Campaign ပြုလုပ်

မြဝတီခရိုင်ဆေးရုံးဝန်ထမ်းများမှ Civil Disobedience Campaign ပြုလုပ်

နေနော် - အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် ဆက်လက်၍အလုပ်မလုပ်လိုကြောင်း ဆန္ဒဖော် ထုတ်သည့်အနေဖြင့် မြဝတီခရိုင်ဆေးရုံဝန်ထမ်းများမှ ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်း က ဖဲကြိုးနီတပ်ကာ စုပေါင်းဓာတ်ပုံရိုက်ပြီး Civil Disobedience Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ထားသော အစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ် စားလှယ်များကို လက်နက်ကိုင် စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော်၏ အာဏာ သုံးရပ်ကို လက်နက်အားကိုးဖြင့် တရားနည်းမကျအဓမ္မသိမ်းယူကာ အာဏာရှင်ယန္တရား လည်ပတ်စေရန်အတွက် ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်ဖွဲ့စည်းထားပြီးဖြစ်သည်။ ထို့ကြောင့် အာ ဏာသိမ်းစစ်အစိုးရလက်အောက်တွင် ဆက်လက်၍ လုပ်ကိုင်ခြင်းမပြုလိုကြောင်း မိမိတို့၏ ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖော်ပြသသည့်အနေဖြင့် Civil Disobedience Campaign ကို ပြုလုပ်သွားမည်ဟု မြဝတီခရိုင်ပြည်သူ့ဆေးရုံ သူနာပြု ဆရာ/ဆရာမများမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။    

ထိုသို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် မြဝတီခရိုင်ဆေးရုံဝန်ထမ်းများမှ ဖေဖော်ဝါရီ ၃ ရက် နေ့ မှစ၍ ရင်ဘတ်တွင် ဖဲကြိုးနီတပ်ဆင်ပြီး လုပ်ငန်းခွင်ဝင်ရောက်ခဲ့ရာမှ ယနေ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် စုပေါင်းဓာတ်ပုံရိုက်ကာ အာဏာသိမ်း စစ်အစိုးရအား ဆန္ဒဖော်ထုတ်သည့် အ နေဖြင့် Civil Disobediences Campaign ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

July 10, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒူးသထူ(သထုံ)ခရိုင်) အတွင်း...
July 10, 2026
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အကောင်အထည်ဖော်နေသည့် ရက် ၁၀၀...
July 9, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့် စစ်အုပ်စု...
July 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က လေးကေကော်မှတစ်ဆင့် ဖလူး-...