ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်

ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်

ယနေ့ ညနေ ၃နာရီအချိန်ခန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးဝန်းထဲမှာ ကျန်းမာရေးဝန်ထမ်းများက တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဖဲကြိုးနီလုပ်ရှားမှုကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။

”ပြည်သူလူထုဆန္ဒမဲနဲ့တက်လာတဲ့ ရွေးကောက်ခံအစိုးရပေါ့နော ဖြုတ်ချပြီးတော့ မတရားအာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒပြကြတာပေါ့။ ဒီနေ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖဲကြိုးနီကမ်ပိန်း ကိုလုပ်ရှားတာပေါ့” လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကု ဒေါက်တာ မျိုးခန့်ကိုကိုက ပြောပါတယ်။

အဆိုပါကမ်ပိန်းလုပ်ရှားမှုကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၀၀ဝန်းကျင် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...