ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်

ကျန်းမာရေးဝန်ထမ်းများ စစ်တပ်အာဏာသိမ်းယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုပြုလုပ်

ယနေ့ ညနေ ၃နာရီအချိန်ခန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးဝန်းထဲမှာ ကျန်းမာရေးဝန်ထမ်းများက တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဖဲကြိုးနီလုပ်ရှားမှုကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။

”ပြည်သူလူထုဆန္ဒမဲနဲ့တက်လာတဲ့ ရွေးကောက်ခံအစိုးရပေါ့နော ဖြုတ်ချပြီးတော့ မတရားအာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒပြကြတာပေါ့။ ဒီနေ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖဲကြိုးနီကမ်ပိန်း ကိုလုပ်ရှားတာပေါ့” လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကု ဒေါက်တာ မျိုးခန့်ကိုကိုက ပြောပါတယ်။

အဆိုပါကမ်ပိန်းလုပ်ရှားမှုကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၀၀ဝန်းကျင် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...