ပလက်ဝမြို့နယ်တွင် 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း လိုင်းမကောင်းသေးဟုဆို

ပလက်ဝမြို့နယ်တွင် 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း လိုင်းမကောင်းသေးဟုဆို

လားနွန် - စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအကြောင်းပြကာ အင်တာနက်လိုင်းပိတ်ဆို့ထားသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၃ ရက်နေ့ကစ၍ 4G အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်သော်လည်း လိုင်းမကောင်းသေးကြောင်း ပလက်ဝဒေသခံများကပြောသည်။

ပလက်ဝဒေသခံအစိုးရဝန်ထမ်းတစ်ဦးက “ရတယ်ဒါပေမဲ့ ဖုန်းလိုင်းတောင်မရှင်းတရှင်းဖြစ်နေသေးတယ် အင်တာနက်လိုင်းကတော့ ဟိုလိုအကောင်းကြီးတော့မဟုတ်ဘူး စာတော့ဖတ်လို့ရတယ် ပုံတွေဘာတွေေ တာ့မြင်တယ် ဒါပေမဲ့ ဗီဒီယိုတွေတော့မရဘူး 4G လား 3G လားတော့မသိဘူး ဖုန်းလိုင်းကသိပ်မကောင်းဘူး အဆင်မပြေဘူး အင်တာနက်လိုင်းကလည်းသိပ်မကောင်းဘူး” ဟု ပြောသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစပြီး 4G အင်တာနက်လိုင်းတွေကို အစိုးရကပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ်ကို ၂၀၂၀ ခုနှစ် မေလအတွင်းမှာ 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း ကျန်မြို့နယ်များကိုမူ  သြဂုတ်လ ၁ ရက်နေ့ကစပြီး 2G အင်တာနက်လိုင်းအဆင့်သာဖွင့်ပေးခဲ့ပြီးနောက် 4G အင်တာနက်အဆင့်ကို ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ကွန်ယက်ပိတ်ဆို့မှုသည် ကမ္ဘာ့အရှည်ကြာ ဆုံးအင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...