ပလက်ဝမြို့နယ်တွင် 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း လိုင်းမကောင်းသေးဟုဆို

ပလက်ဝမြို့နယ်တွင် 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း လိုင်းမကောင်းသေးဟုဆို

လားနွန် - စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအကြောင်းပြကာ အင်တာနက်လိုင်းပိတ်ဆို့ထားသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၃ ရက်နေ့ကစ၍ 4G အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်သော်လည်း လိုင်းမကောင်းသေးကြောင်း ပလက်ဝဒေသခံများကပြောသည်။

ပလက်ဝဒေသခံအစိုးရဝန်ထမ်းတစ်ဦးက “ရတယ်ဒါပေမဲ့ ဖုန်းလိုင်းတောင်မရှင်းတရှင်းဖြစ်နေသေးတယ် အင်တာနက်လိုင်းကတော့ ဟိုလိုအကောင်းကြီးတော့မဟုတ်ဘူး စာတော့ဖတ်လို့ရတယ် ပုံတွေဘာတွေေ တာ့မြင်တယ် ဒါပေမဲ့ ဗီဒီယိုတွေတော့မရဘူး 4G လား 3G လားတော့မသိဘူး ဖုန်းလိုင်းကသိပ်မကောင်းဘူး အဆင်မပြေဘူး အင်တာနက်လိုင်းကလည်းသိပ်မကောင်းဘူး” ဟု ပြောသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစပြီး 4G အင်တာနက်လိုင်းတွေကို အစိုးရကပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ်ကို ၂၀၂၀ ခုနှစ် မေလအတွင်းမှာ 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း ကျန်မြို့နယ်များကိုမူ  သြဂုတ်လ ၁ ရက်နေ့ကစပြီး 2G အင်တာနက်လိုင်းအဆင့်သာဖွင့်ပေးခဲ့ပြီးနောက် 4G အင်တာနက်အဆင့်ကို ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ကွန်ယက်ပိတ်ဆို့မှုသည် ကမ္ဘာ့အရှည်ကြာ ဆုံးအင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...