ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးစနစ်ဖြင့် ထိုးမည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးစနစ်ဖြင့် ထိုးမည်

Salai Khup Khup — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးစားပေး စနစ်ဖြင့် ထိုးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကို အရင်ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာစိုးမိုးထွေးက “ကျမတို့က စာရင်းပြုစုပြီးတော့ နေပြည်တော်ကို ပေးရမှာ ပေးပြီးတော့ နေပြည်တော်ဖက်ကနေ ကာကွယ်ဆေးထိုးတာကို ဦးစားပေးစနစ်နဲ့ သွားမှာဖြစ်တယ် ပထမဆုံး ကျန်းမာရေးဝန်ထမ်း ပြီးတော့ အသက်ကြီးတဲ့သူတွေ နောက်ဆုံးကျတော့ (၁၈)နှစ်ပြည့်ပြီးတဲ့သူတွေ အဲဒီအတွက်ကို စာရင်းကောက်တာဖြစ်တယ်”ဟုပြောသည်။

 ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့က ဦးဆောင်ပြီး ရပ်ကွက်များတွင် လူဦးရေစာရင်း ကောက်ယူလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကလေးမြို့တွင် မနက်ဖြန် (၉)နာရီခွဲမှ စတင်ပြီး ကလေးမြို့ပြည်သူ့ဆေးရုံနှင့် စုပေါင်းရုံးတို့တွင် လူ ၆၀၀ ထံ စတင်ပြီး ထိုးနှံတော့မည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မနက်ဖြန်မှ စတင်ပြီး တစ်နိုင်ငံလုံးတွင် စတင်ထိုးနှံမှုများ ပြုလုပ်ရန် အစိုုးရကဆောင်ရွက်ထားကြောင်း ကြေညာထားသည်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...