ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးစနစ်ဖြင့် ထိုးမည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးစနစ်ဖြင့် ထိုးမည်

Salai Khup Khup — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးစားပေး စနစ်ဖြင့် ထိုးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကို အရင်ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာစိုးမိုးထွေးက “ကျမတို့က စာရင်းပြုစုပြီးတော့ နေပြည်တော်ကို ပေးရမှာ ပေးပြီးတော့ နေပြည်တော်ဖက်ကနေ ကာကွယ်ဆေးထိုးတာကို ဦးစားပေးစနစ်နဲ့ သွားမှာဖြစ်တယ် ပထမဆုံး ကျန်းမာရေးဝန်ထမ်း ပြီးတော့ အသက်ကြီးတဲ့သူတွေ နောက်ဆုံးကျတော့ (၁၈)နှစ်ပြည့်ပြီးတဲ့သူတွေ အဲဒီအတွက်ကို စာရင်းကောက်တာဖြစ်တယ်”ဟုပြောသည်။

 ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့က ဦးဆောင်ပြီး ရပ်ကွက်များတွင် လူဦးရေစာရင်း ကောက်ယူလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကလေးမြို့တွင် မနက်ဖြန် (၉)နာရီခွဲမှ စတင်ပြီး ကလေးမြို့ပြည်သူ့ဆေးရုံနှင့် စုပေါင်းရုံးတို့တွင် လူ ၆၀၀ ထံ စတင်ပြီး ထိုးနှံတော့မည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မနက်ဖြန်မှ စတင်ပြီး တစ်နိုင်ငံလုံးတွင် စတင်ထိုးနှံမှုများ ပြုလုပ်ရန် အစိုုးရကဆောင်ရွက်ထားကြောင်း ကြေညာထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...