ပြည်နယ်ရှိ သစ်တောနယ်မြေအတွင်း သဘာဝခရီးသွားလုပ်ငန်း ၄ခုစီစဉ်ဆောင်ရွက်နေ

ပြည်နယ်ရှိ သစ်တောနယ်မြေအတွင်း သဘာဝခရီးသွားလုပ်ငန်း ၄ခုစီစဉ်ဆောင်ရွက်နေ

နန်းဝေဖြိုးဇာ — ကရင်ပြည်နယ်အတွင်းရှိ သစ်တောမြေတွင် ဝင်ရောက်လည်ပတ် အပန်းဖြေနိုင်ရန်အတွက် သဘာဝအခြေခံ ခရီးသွား လုပ်ငန်း ၄ခု စီစဉ်ဆောင်ရွက်ထားခြင်းရှိသည်ဟု ကရင်ပြည်နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

သစ်တောနယ်မြေအတွင်း ရေတံခွန်၊ စိမ့်စမ်းရှိသည့်နေရာတွင် တောလမ်းအတိုင်း အလွယ်တကူ သွားလာလည်ပတ် ကြည့်ရှုနိုင်ရန်အတွက် ကုမ္မဏီများက ဂေဟစနစ် မပျက်စီးစေဘဲ လုပ်ပိုင်ခွင့်လျှောက်ကာ ခရီးသွားလုပ်ငန်း အကောင် အထည်ဖော်နေခြင်းလည်း ဖြစ်သည်။

ကရင်ပြည်နယ် သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးခင်မောင်ထွေးက “ဒီသစ်တောကြိုးဝိုင်းကြိုးပြင်ကာကွယ်တာ သဘာဝထိန်းသိမ်းရေးတွေကို လိုင်စင်ချတာက ပြည်ထောင်စုက ကိုင်တယ်။ ပြည်နယ်က မပါဘူးပေါ့။ ပြည်နယ်မှာ ခရီးသွားလုပ်ငန်းဖော်ဆောင်တဲ့နေရာက အများကြီးရှိတာပေါ့။ သံလွင်မြစ်အထက်ပိုင်းမှာလည္း ကုမ္မဏီတစ်ခုက လုပ်တာရှိတယ်။ ပြီးတော့ ထုံးကျောက်တောင်တွေအခြေခံပြီး လုပ်တာတွေလည္း ရှိတယ်။ အဲဒါတွေက သစ်တော မြေထဲမှာမဟုတ်ဘူးပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၂ခုတွင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီးဖြစ်ကာ သွားလာ လည်ပတ်သူများလည်းရှိပြီးဖြစ်သလို သံတောင်ကြီးရှိ လုပ်ငန်း၂ခုတွင် လုပ်ကိုင်သည့် ကုမ္မဏီဘက်မှ ယခုအချိန်ထိ လုပ်ငန်းမစနိုင်သေးကြောင်းလည်း ကရင်ပြည်နယ် သစ်တောဦးစီးဌာနညွန်ကြားရေးမှူး ဦးခင်မောင်ထွေး၏ ပြောဆို ချက်အရ သိရသည်။

သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်ထားသည့် နေရာ၄ခုမွာ မြဝတီမြို့နယ် လေးကေကော်မြို့သစ်အနီးရှိ မဲကနယ်တိုးချဲ့ကြိုးဝိုင်းတွင် ၃၀ဧက၊ ကော့ကရိတ်မြို့နယ်လိပ်ကော်တောင် ကြိုးပြင်ကာကွယ်တောရှိ တောနော် သဘာဝရေတံခွန်စခန်းတွင် ရွှေမြစ်သောင်ရင်းကုမ္မဏီမှ ၉၅ဧက၊ သံတောင်ကြီးမြို့နယ် သံတောင်ကြိုးဝိုင်း အကွက်အ မှတ်(၄)တွင် ကောင်းမြန်မာအောင်ကုမ္မဏီမှ ၁၉.၄၅ဧကနှင့် သံတောင်ကြိုးဝိုင်းအကွက်အမှတ်(၅)တွင် ဇေကမ္ဘာကုမ္မ ဏီမှ (၇)ဧကကို လုပ်ငန်းဆောင်ရွက်ရန်ရှိသည်ဟု သစ်တောဦးစီးဌာနထံမှ သိရသည်။

မဲကနယ်တိုးချဲ့ကြိုးဝိုင်းတွင် လေးကပေါ် သဘာဝတောထိန်း CF သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်သည့် တာဝန်ရှိသူ စောဌေးမြင့်အောင်က “အစုဖွဲ့ပိုင်သစ်တောထဲမှာ ၂၈၆ဧကလျှောက်ထားတာပေါ့နော်။ အဲဒါက သစ်တော ထဲမှာ လုပ်ကိုင်စားသောက်ဖို့ သစ်တောဌာနက နှစ်၃၀ခွင့်ပြုပေးထားတယ်။ အဲဒီအထဲမှာမှ သဘာဝအခြေပြု ခရီးသွား လုပ်ငန်းလုပ်ဖို့ ၃၀ဧကကို လုပ်မယ်ဆိုတော့ ခွင့်ပြုချက် ပြန်ထပ်တင်ရတာပေါ့။ အခုမှတင်တုန်းက ဘယ်နှနှစ်ကျမလဲ မသိဘူးပေါ့။ လက်ရှိအချိန်မှာ ချောင်းမှာ သဘာဝအတိုင်း တဲလေးတွေဆောက်ထားတော့ လာလည်ပတ်တဲ့လူ အနည်း ငယ်တော့ရှိပြီ။ ကိုဗစ်ကာလဆိုတော့ မများဘူးပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်တွင် သစ်တောဧရိယာ စုစုပေါင်းဧက ၂၄သိန်းကျော်ရှိပြီး အများစုသည် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်သည့်နယ်မြေထဲတွင်ရှိကာ အချို့နေရာတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သစ်တောဌာနမှ ကာ ကွယ်ထိန်းချုပ်ထားသည်ဟု သိရသည်။

August 7, 2026
ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး...
ဓာတ်ပုံ - AKY
August 7, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာအပါအဝင် ကျေးရွာ အများ...
ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...