ချင်းပြည်နယ်အစိုးရ၏ ပလက်ဝစစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်ပေးမှု အားရကျေနပ်မှုမရှိဟုဆို

ချင်းပြည်နယ်အစိုးရ၏ ပလက်ဝစစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်ပေးမှု အားရကျေနပ်မှုမရှိဟုဆို

နှင်းနှင်း — ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော် တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ပေးမှုအပေါ် ကျေနပ်အားရမှုမရှိဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောသည်။

“အရမ်းကြီးအားရကျေနပ်မှုရှိတယ်လို့တော့ပြောလို့မရဘူး၊ ဒါပေမယ့် သူတို့လုံးဝကြီး ပစ်ထားတယ်လို့ လည်းမဟုတ်ပြန်ဘူး ၊ဒီလိုရလာဖို့အတွက်ဆိုကျွန်မတို့တောက်လျှောက်အစိုးရဖက်ကို တော့စာတင်ရတယ်၊ တင်ပြရတယ်၊ ဆွေးနွေးရတယ်၊ တကယ်တမ်းကျတော့ ကျွန်မတို့မပြောခင်က တည်းက အစိုးရကလက်လှမ်းမှီနေပြီးသား၊ သိနေပြီးသားဖြစ်နေရမဲ့အနေအထားပေါ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်နေတဲ့နိုင်ငံမှာပဲဖြစ်ဖြစ် တကယ်ကို အစိုးရကသာသေချာနိုင်နိုင်နင်းနင်း လုပ်မယ်ဆိုရင် CSO တို့၊ပရဟိတအဖွဲ့တို့ဘယ်လိုအပ်တော့မလဲ။” ဟု မိုင်နန်းဝေ ကပြောသည်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှစပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော်တို့ အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိပြီး လမ်းကြောင်းများပိတ်ထားမှုကြောင့် စစ်ဘေးရှောင်များအပြင် ပြည်သူများအားလုံးနီးပါး အခက်အခဲကြုံနေရကြောင်းသိရသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သည် လူဦးရေးပျှမ်းမျှအားဖြင့် တစ်သိန်းကျော်နေထိုင်သည့်မြို့ဖြစ်သည့်အတွက်ချင်းပြည်နယ်အစိုးရအနေဖြင့် ပလက်ဝပြည်သူများအတွက်ဘတ်ဂျက်ခွဲ ဝေပေးမှုနှင့် ပလက်ဝအရေးကို လွတ်လပ်ပြီးပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးခြင်းမျိုးမတွေ့ရှိရေ ကြာင်းချင်းလူ့အခွင့်အရေးအဖွဲ့ မှ Salai Sang Hnin Lian ကပြောသည်။

“ချင်းပြည်နယ်အစိုးရအနေနဲ့ သူတို့မှာရှိတဲ့ ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေးတာမျိုးမတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေကအလှူငွေေ တွပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲများသောအားဖြင့်မြင်နေရတယ်၊ တစ်ကယ်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ လူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာက ဒီလိုမျိုးကြုံနေရတယ်ဆိုတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ တစ်ခြားအဖွဲ့အစည်းတွေလည်းပါပြီးတော့အစိုးရလည်းပါမယ့်ကော်မတီတစ်ခုဖွဲ့စည်းပြီးတော့ ပလက်ဝအရေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လွတ်လပ်စွာဆွေးနွေးပြီးတော့ ပွင့်လင်းမြင်သာ စွာဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်တယ်၊၊” ဟု Salai Sang Hnin Lian ကပြောသည်။

ချင်းပြည်နယ်အစိုးရမှ ပလက်ဝမြို့နယ်တွင်နေထိုင်ကြသော ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများကို ထောက်ပံ့မှုများဆောင်ရွက်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင်ချင်းပြည်နယ်တပြည်လုံး အတိုင်းအတာဖြင့်လုပ်ဆောင်နေရသဖြင့် ပလက်ဝမြို့နယ်အတွက်သီးသန့်ထောက်ပံ့မှုများမ လုပ်နိုင်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ရှေ့ပိုင်းကတော့ပေးသင့်တာတွေ၊လှူသင့်တာတွေပေးတယ်၊အခုနောက်ပိုင်းတော့ ကိုဗစ်ထိန်းချုပ် ရေးနဲဲ့ပက်သက်ပြီးတော့ ကွာရန်တင်းဝင်တဲ့သူတွေကို ထောက်ပံ့တာတွေနဲ့ ပြည်နယ်တခုလုံးအတိုင်း အတာနဲ့လုပ်တဲ့အခါကြတော့ထောက်ပံ့တာတော့ မလုပ်နိုင်သေးဘူး၊ ဒါပေမယ့် ပြည်ထောင်စုအနေ နဲ့တော့ ဆန်၊ဆီ၊ဆား၊ပဲ(၄) မျိုးကိုတော့ ၃ လတကြိမ် ဆက်တိုက်ထောက်ပံ့နေတယ်၊အခုလည်း အပစ်ခတ်ရပ်ဆဲတာ (၃) လကျော်ကျော်ရှိပြီ မိုးမရွာတော့ လမ်းလဲနည်းနည်းကောင်းလာပြီဆိုတော့ ဆမီးလမ်းဖက်ကနေတောက်လျှောက် စားနပ်ရိက္ခာ၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ တခြားအထွေထွေ စားကုန်တွေရောဆက်တော့ပို့နေပါတယ်၊ ” ဟု ဦးစိုးထက်ကပြောသည်။

ပလက်ဝမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် လက်ရှိပလက်ဝမြို့နယ်တွင် ဆန်တအိတ် (၆၀၀၀၀) ကျပ်နှင့်အထက်ဝယ်ယူနေရပြီး အခြေခံစား သောက်ကုန်ပစ္စည်းများလည်း စျေးနှုန်း မြင့်တက်နေကြောင်းသိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...