မွန်က တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်းပေါင်း (၁၂၃၀၀)ကျော် ထုတ်ချေး

မွန်က တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်းပေါင်း (၁၂၃၀၀)ကျော် ထုတ်ချေး

မွန်ပြည်နယ်အတွင်းက တောင်သူလယ်သမားတွေအတွက် ကိုဗစ်ကာလ အထူးချေးငွေ ကျပ်သန်း (၁၂၃၀၀)ကျော်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးခဲ့ပါတယ်။

ယခုနှစ်မှာတော့ မိုးစပါးစိုက်ပျိုးရာမှာ ရာသီဥတုကောင်းမွန်တာကြောင့် အထိခိုက်နည်းပြီး စပါးအထွက်ကောင်းခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်ကာလ စီးပွားရေး အခက်အခဲတွေကြောင့် လယ်သမားတစ်ချို့မှာ စပါးစျေးကောင်းမရလို့ စိုက်ပျိုးစရိတ်အတွက် အခက်အခဲတွေ ရှိနေပါတယ်။

ဒါကြောင့် တောင်သူတွေကို ပံ့ပိုးပေးတဲ့အနေနဲ့ ပုံမှန်ချေးငွေအပြင် ကိုဗစ်အထူး ချေးငွေအဖြစ်  မွန်ပြည်နယ်အတွင်းက တောင်သူ (၃၂၀၀၀)ကျော်ရဲ့ လယ်ဧက ( ၂၄၆၀၀)ကျော်အတွက် ချေးငွေကျပ်သန်း (၁၂၃၀၀)ကျော် ထုတ်ပေးခဲ့တယ်လို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မွန်ပြည်နယ်ဘဏ်ခွဲ ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။

“ကိုဗစ်ကာလမှာ လယ်သမားတွေ အခက်အခဲတွေ တွေ့နိုင်တယ်။ အဲဒါတွေကို ဦးစားပေးတဲ့အနေနဲ့ လယ်ယာလုပ်ငန်းခွင်မှာ အရင်းအနှီး ထုတ်ပေးနိုင်ဖို့ လယ်သမားဘဝမြင့်တင်နိုင်ရေး၊ အပြင်ကနေ အတိုးနှုန်းကြီးကြီးဖြင့် ယူရတဲ့ဘေးကင်းနိုင်ရေး ဆောင်ရွက်ပေးတာပါ”လို့ ဆိုပါတယ်။

ကိုဗစ်အထူးချေးငွေကို ဒီဇင်ဘာ ၂၄ရက်နေ့အထိ ထုတ်ချေးသွားမှာ အခြားချေးငွေထုတ်ယူထားသူတွေလည်း ကိုဗစ်အထူးချေးငွေကို ထပ်မံထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်အထူးချေးငွေကိုတော့ လယ်သမားတစ်ဦးလျှင် တစ်ကြိမ်သာ ချေးခွင့်ရှိပြီး လယ်တစ်ဧက ငါးသောင်းနှုန်းနဲ့ အများဆုံး ဆယ်ဧကထိ ချေးနိုင်ပါတယ်။

အဆိုပါ ချေးငွေအတွက်တော့ တစ်နှစ်တာ  အတိုးနှုန်း ၅ ရာခိုင်နှုန်း ပေးဆောင်ရာမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ တောင်သူတွေ ပြန်လည်ပေးဆပ်ရာမှာ ဖြစ်ပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...