DMG သတင်းထောက် ကိုအောင်ကျော်မင်း ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)ဖြင့် မောင်တောရဲစခန်းတွင် အမှုဖွင့်ခံရ

DMG သတင်းထောက် ကိုအောင်ကျော်မင်း ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)ဖြင့် မောင်တောရဲစခန်းတွင် အမှုဖွင့်ခံရ

အိမ်စိုးဖြူ — ရခိုင်အခြေစိုက် DMG ( Development Media Group) သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်မင်း (ကျော်မျိုးအောင်) မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က မောင်တောရဲစခန်းမှ  ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။

ကိုအောင်ကျော်မင်းအား မောင်တောရဲစခန်းတွင် မောင်တောခရိုင် လမ်းတံတားအထူးအဖွဲ့(၄)မှ အင်ဂျင်နီယာ ဦးမောင်ဝင်က ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း DMG သတင်းဌာန၏ ဒု-တာဝန်ခံ အယ်ဒီတာကိုနေဝင်းစံက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ အဲဒီထဲမှာ ကျွန်တော်တို့က သူတို့ ဖြေကြားချက်နဲ့ မလွှဲအောင်ရေးတယ်။ သူတို့ဖြေကြားတဲ့အတိုင်းကို အပိုအလိုတစ်ခုမှ ထည့်မရေးထားဘူး။ အဲဒီမှာ သစ်တန် ၃ဝ ကုန်တယ်ဆိုတဲ့ ကိစ္စဟာ သူမပြောလိုက်တဲ့ အတွက် သူဂုဏ်သိက္ခာအရ နစ်နာတယ်ဆိုပြီးအမှုဖွင့်လိုက်တာလို့ပြောတယ်။ ကျွန်တော်တို့မှာလည်း သူပြောလိုက်တဲ့အသံဖိုင်သက်သေရှိတယ်” ဟုပြောသည်။

အဆိုပါသတင်းကို မေးမြန်းတင်ပြရေးသားခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့တွင်  ၄င်းမှ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ကိုနေဝင်းစံက ဆက်ပြောသည်။

“အဲဒီလိုအမှုဖွင့်တဲ့အခါမှာလည်း သတင်းမီဒီယာ ဥပဒေနဲ့ ဖွင့်တာမဟုတ်ဘဲနဲ့ အခြားကြီးလေးတဲ့ သတင်း မီဒီယာပုဒ်မတွေနဲ့ မသက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်တာတွေ့ရတယ်။ အဲဒီဟာ သတင်း မီဒီယာသမားတွေ အတွက် ခြိမ်းမြောက်မှုတစ်ခုလိုဖြစ်နေတယ်” ဟုပြောသည်။

၄င်းတို့အနေဖြင့် မောင်တောရဲစခန်းတွင် ကျပ်(၅)သိန်း အာမခံအဖြစ် ပေးဆောင်ခဲ့ရာ အမှုဖွင့်လာပါကလည်း တရားဥပဒေနှင်အညီ ဆက်လက်ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ကိုနေဝင်းစံက ဆက်ပြောသည်။

လက်ရှိ အချိန်တွင် အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြန်မာသတင်းမီဒီယာသို့ တိုင်ကြားထားကြောင်း သိရသည်။

အမှုဖွင့်ခံထားရသည့်ကိုအောင်ကျော်မင်း(ကျော်မျိုးအောင်)မှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ(၁ဝဝ)ကျော်က အသုံးပြုသွားလာနေသည့် ၃ မိုင်တံတားမှာ ပျက်စီးနေ၍ အသွားအလာ ခက်ခဲနေသည်ဆိုသည့်သတင်းကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောရဲစခန်းအားဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသဖြင့် လျှပ်စစ်စက်မှုနှင့် လမး်ပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံအား ထပ်မံဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

အမှုဖွင့်ခံထားရသည့်ကိုအောင်ကျော်မင်း(ကျော်မျိုးအောင်)မှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ(၁ဝဝ)ကျော်က အသုံးပြု သွားလာနေသည့် ၃ မိုင်တံတားမှာ ပျက်စီးနေ၍ အသွားအလာ ခက်ခဲနေသည်ဆိုသည့်သတင်းကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ဝ၁၈ ခုနစ် မေလ ၁ ရက်နေ့ကလည်း  DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦး အပါအဝင် သတင်းဌာနအား မတရားအသင်းဆက်သွယ်မှု ၁၇(၁)ဖြင့်  SB မှ အမှုဖွင့်ခံခဲ့ရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...