မွန်ပြည်နယ်အတွင်းမှာ HIV ဝေဒနာရှင် (၇၀၀၀)အထိ ရှိလာ

မွန်ပြည်နယ်အတွင်းမှာ HIV ဝေဒနာရှင် (၇၀၀၀)အထိ ရှိလာ

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်အထိစာရင်းအရ မွန်ပြည်နယ်အတွင်းမှာ HIV ဝေဒနာရှင် (၇၀၀၀)အထိ ရှိလာပြီးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ HIV ဝေဒနာရှင်ဟာ တစ်နှစ်ထက် တစ်နှစ် (၁၀၀၀) နီးပါး တိုးခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်း ရောက်ရှိလာတဲ့ ပြည်တွင်းပြည်ပ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လိင်တူ ချစ်သူတွေ ပေါများလာတာကြောင့် အခုလို HIV ကူးစက်ခံရသူ အမြောက်အများ ရှိခဲ့တာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ငန်းခွင်ထဲမှာ အမြဲရှိနေရတာကြောင့် လိင်မှုဆိုင်ရာ အသိပညာနည်းပါးပြီး လိင်တူချစ်သူတွေမှာလည်း အသက်မပြည့်သူတွေ ပါဝင်နေတာကြောင့် အခုလို ကူးစက်ခံရတာဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

“migrant worker မှာ နှစ်မျိုးရှိတယ် မွန်ပြည်နယ်ကနေ နိုင်ငံခြားကို သွားအလုပ်လုပ်တာရှိတယ် မွန်ပြည်နယ်ထဲကို တခြားကနေ ရွှေ့လာတာရှိတယ် သူတို့နှစ်ခုလုံးက တူနေတဲ့အချက်က ဘာလဲဆိုတော့ သူတို့က အဆက်မပြတ်ဆိုသလို အလုပ်လုပ်နေရတဲ့အတွက်ကြောင့် HIV education ဆက်ရှင်တွေနဲ့ ထိတွေ့မှုနည်းတယ် မရကြဘူး နောက်တစ်ခါ သူတို့က ပိုက်ဆံ လွယ်တဲ့အုပ်စုထဲမှာပါတယ် ရလိုက် ပျော်ပါးလိုက် အဲလိုပုံစံမျိုးလေးတွေကနေ သတိလွတ်တာနဲ့ HIV ကူးစက်ခံရတယ် နံပါတ်နှစ်က MSM လိင်တူချစ်တူတွေ လိင်တူချစ်တူတွေက ခုနောက်ပိုင်းတော်တော်ကိုများလာတယ် နောက်တွေ့နေရတာက လူငယ်တွေ ၁၀ တန်းတို့first year တို့ လူငယ်တွေ ၁၆/၁၇ တို့ မွန်ပြည်နယ်မှာMSM နဲ့ migrant က များလာတယ် HIV ကကျတာ အဲဒီ MSM နဲ့ migrant ကြောင့်ပါတယ် ဒါမွန်ပြည်နယ်ရဲ့ အနေအထားပါ”လို့ ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောပါတယ်။

အခုလို ကူးစက်ခံရသူတွေကို ကျန်းမာရေးဌာနနဲ့ HIV အရေးဆောင်ရွက်နေသူတွေကတော့ အသိပညာပေးတာတွေအပြင် လိုအပ်တဲ့ ဆေးဝါးတွေကို ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ HIV/AIDS နဲ့ ပတ်သက်ပြီး အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေအပြင် IOM, Marie Stopes Myanmar, မေတ္တာရှင်၊ မေတ္တာစေတမာန်နှင့် MAM (medical action Myanmar) အစရှိတဲ့ NGO, INGO အဖွဲ့အစည်းတို့က လုပ်ဆောင်နေပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...