တောင်ကုတ်မှ ဦးဝေသောင်း၊ကိုဇေယျကျော်တို့အပါအဝင် ၄ဦးကို ယနေ့ရုံးထုတ်၊ ၄လကြာပျက်ကွက်သည့်တရားလိုသက်သေများရောက်၍ အမှုကို စစ်ဆေးကြားနာ

တောင်ကုတ်မှ ဦးဝေသောင်း၊ကိုဇေယျကျော်တို့အပါအဝင် ၄ဦးကို ယနေ့ရုံးထုတ်၊ ၄လကြာပျက်ကွက်သည့်တရားလိုသက်သေများရောက်၍ အမှုကို စစ်ဆေးကြားနာ

အိမ်စိုးဖြူ — အကြမ်းဖက်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ ကိုဇေယျကျော် အပါအဝင် လူ ၄ ဦးကို ယနေ့နံနက် ၁၁ နာရီက တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလို သက်သေများ ရောက်ရှိလာသဖြင့် အမှုကို ကြားနာစစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံထားရသူ လေးဦးထဲမှ တစ်ဦးဖြစ်သူ ဦးဇေယျကျော်က “ အမှုမှန်ကတော့ မကြာခင် တရားရုံး ဆုံးဖြတ်ချက်အရတော့ ပေါ်ပေါက်သွားမှာပါ။ ဒါပေမယ့်ကျွန်တော်တို့ နစ်နာမှုတွေရှိတယ်။ ဒီရုံးချိန်းကို ကျွန်တော်တို့ ၃ လနဲ့  ၂၂ ရက်စောင့်ခဲ့ရတယ်။ သက်သေတွေမရောက်တဲ့အတွက်။ ကျွန်တော်တို့ အများကြီး နစ်နာတာတွေရှိတယ််” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၄င်းတရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးရန် ၄ လနီးပါးအထိ စောင့်ဆိုင်းခဲ့ရပြီး ယနေ့မှ တရားရုံးသို့  တရားလိုများ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ယနေ့ ရုံးထုတ်ရာတွင် တရားလိုသက်သေများဖြစ်ကြသည့် ငပလီအုပ်ချုပ်ရေးမှူး ၂ ဦး၊ သံတွဲစခန်းမှူး ဦးရဲမင်းစိုးတို့အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးရာဇာထွန်းက ပြောသည်။

“ သံတွဲအုပ်ချုပ်ရေးမှူးတွေကို မစစ်ဆေးနိုင်ခဲ့တာ ကိုးကြိမ်အထိရှိခဲ့တယ်။ တရားလို သက်သေ နှစ်ဦး မရောက်တာက ကိုဗစ်နဲ့မလာရဲလို့ဆိုပြီးသိရတယ်။ ဒီနေ့မှာ သက်သေလေးယောက်က သုံးယောက်ကို စစ်တယ်။ ရှာဖွေပုံစံမှာပါတဲ့သက်သေလောက်ပါသူတို့က။ ကျန်တစ်ယောက်ကို နောက်ရုံးချိန်းမှာစစ်မယ်။ မတရားသဖြင့် ဖမ်းဆီးခံထားရတာဆိုတော့ သူတို့အနေနဲ့နစ်နာမှုတွေရှိတာပေါ့ ” ဟုပြောသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တောင်ကုတ်စခန်းမှူး ဦးလှတင့်ကိုလည်း စစ်ဆေးသွားမည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူ လေးဦးမှာ ဦးဝေသောင်း(တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ)၊ ဦးဇေယျကျော်( မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ)၊ ဦးစန်းငွေ (မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း)နှင့် ဦးဇေယျကျော်၏ ညီ ဦးစည်သူကျော်ဇံ (ခ)မိုက်ကယ် တို့ဖြစ်သည်။

ဦးဇေယျကျော် (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ) ဖြစ်သူကို ၂ဝ၂ဝ ခုနှစ် မေလ ၉ ရက်နေ့တွင်တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေလ ၉ ရက်နေ့တွင် ဦးစန်းငွေ (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း) ကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် တောင်ကုတ်မြို့နယ် ဦးဝေသောင်း (ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ )ကို မေလ ၁၁ ရက်နေ့ နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ် (လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သူ)မှာ မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ၄င်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ- ၅ဝ(က) ၊ ၅၂ (က) တို့ဖြင့် အမှု ရင်ဆိုင် နေရခြင်းဖြစ်ကြောင်း ၎င်းတိုက ၄ ဦးအား တရားစွဲဆိုသူ တရားလိုက စစ်တွေအထူးသတင်း ရဲတပ်ဖွဲ့ရဲမှူးဇော်မြင့်ထွန်းကြောင်း ၎င်းတို့အမှုကို လိုက်ပါပေးနေသူ ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောကြားသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...