ကျိုက်ထို ၊ ဘီးလင်းနဲ့ မော်လမြိုင်မြို့နယ်တို့မှာ ညမထွက်အမိန့်ကို နောက်ထက် (၂)လ သက်တမ်းတိုး

ကျိုက်ထို ၊ ဘီးလင်းနဲ့ မော်လမြိုင်မြို့နယ်တို့မှာ ညမထွက်အမိန့်ကို နောက်ထက် (၂)လ သက်တမ်းတိုး

နွန်နွန် — ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတဲ့ ကျိုက်ထို ၊ ဘီးလင်းနဲ့ မော်လမြိုင်မြို့နယ်တို့မှာ ညမထွက်အမိန့်ကို နောက်ထက် (၂)လ သက်တမ်းတိုးလိုက်ပါတယ်။

အဆိုပါ မြို့နယ်တွေဟာ နိုဝင်ဘာလအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်း ကူးစက်ခံရသူ ရာနဲ့ချီ ရှိနေတာပါ။

ပထမအကြိမ် ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ဟာ နိုဝင်ဘာလ (၂၅)ရက်နေ့မှာ ပြည့်သွားပြီး အမိန့်မလိုက်နာသူ ၁၀၀ နီးပါးကို အလုပ်မဲ့ ထောင်ဒဏ်တစ်လ အရေးယူခဲ့ပါတယ်။

အဆိုပါမြို့နယ်တွေမှာ အခုချိန်ထိ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတာကြောင့် ညမထွက်ရအမိန့် (၂) လ ထပ်မံသက်တမ်းတိုးလိုက်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ နဂိုမူလ (၁၀)မြို့နယ်ထဲမှာ မော်လမြိုင်ရယ်၊ ဘီးလင်းရယ်၊ ကျိုက်ထိုရယ်ပေါ့နော်၊ အဲ့တာကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်၊ မနက်ဖြန် (၂၅)ရက်နေ့မှာ ပြည့်မယ်၊ နောက်ထပ် ထပ်ပြီးသက်တမ်း တိုးမယ်ပေါ့နော်၊ ဒီညမထွက်ရ အမိန့်ကို (၃)မြို့နယ်လုံး တိုးမယ်၊ မနက်ဖြန်တော့ ထုတ်ပြန်သွားမယ်၊ သူ့ရဲ့အမိန့်အရတော့ (၂)လပါခင်ဗျ၊ တခြားမြို့နယ်တော့ မရှိပါဘူးခင်ဗျ၊ လောလောဆယ် (၃)မြို့နယ်ပဲ သက်တမ်းထပ်တိုးပါမယ်” လို့ ဆိုပါတယ်။

အမိန့်မလိုက်နာသူတွေကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်ပြီး အရေးပေါ်ကိစ္စရှိမယ်ဆိုရင် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ယူပြီး သွားလာနိုင်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ ၂၅ ရက်ည ထုတ်ပြန်ချက် စာရင်းတွေအရ မွန်ပြည်နယ်မှာ ပိုးတွေ့လူနာ ၁၂၀၀ ဦး‌ေကျာ်အထိရှိလာပြီး အဲဒီထဲက သက်သာလာလို့ဆေးရုံက ဆင်းခွင့်ရရှိသူ ( ၈၅၀ ) ဦးနီးပါးရှိပြီးလို့ သိရပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...