အမည်စာရင်းချန်ထားခံရသည့် ပဒေသရာဇ်ခေတ် ကရင်ကျွဲဒုံးအက ပြန်လည်တင်သွင်းမည်

အမည်စာရင်းချန်ထားခံရသည့် ပဒေသရာဇ်ခေတ် ကရင်ကျွဲဒုံးအက ပြန်လည်တင်သွင်းမည်

စောမြတ်ဦးသာ — ကမ္ဘာ့ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNSCO)မှ အသိအမှတ်ပြုနိုင်ရန် ပြည်ထောင်စု အဆင့်တွင် ကနဦးတင်သွင်းမည့် ကရင်ဒုံးအကထဲမှ ပဒေသရာဇ်ခေတ် ကရင်ကျွဲဒုံးအက ပါဝင်လာခြင်းမရှိသည့်အတွက်  ကရင်းဒုံးအကပညာရှင်များမှ ပြန်လည်တင်သွင်းမည်ဟု သိရသည်။

ကရင်ဒုံးအက အမည်စာရင်းတင်သွင်းရန် အသက်အရွယ်အပိုင်းခြားအလိုက် ခေတ်အဆက်ဆက် ကကြိုကဟန်တစ်ခုချင်းစီ၏ အဓိပ္ပာယ်၊ ရှေးခေတ်ဒုံးအက တေးသွားသီချင်းများနှင့် ၎င်းတို့၏ ဝတ်စားဆင်ယင်မှုများကို ပညာရှင်များ သုတေသနအဖွဲ့မှ မှတ် တမ်းပြုစုမည့်စာရင်းထဲတွင် ပဒေသရာဇ်ခေတ် ကရင်ကျွဲဒုံးအကကို ကရင်ပြည်နယ် ယဉ်ကျေးမှုဌာနမှ အမည်စာရင်းချန်ထား သည့်အတွက် ပြန်လည်ထည့်သွင်းနိုင်အောင်  ကြိုးစားဆောင်ရွက်မည်ဟု  ကရင်ရိုးရာဝတ်စုံသမိုင်းနှင့် ပဒေသရာဇ်ခေတ် ကရင် ကျွဲဒုံးအက တာဝန်ခံစောဝဏ္ဏထွန်းက ပြောသည်။

“ ပဒေသရာဇ်ခေတ်ဒုံး၊ ကိုလိုနီခေတ်ဒုံး၊ မျက်မှောက်ခေတ်ကာလ ဒုံးအကဆိုပြီး အထောက်အထားတွေနဲ့ ပြသသွားမှာ ဖြစ်ပါ တယ်။ ယဉ်ကျေးမှုဌာနကနေ အစီအစဉ် ရေးဆွဲပေးတာ ကျွဲဒုံးအကချန်ထားခဲ့ခြင်း ခံရပါတယ်။ ဒုံးအကသမိုင်းကို ဦးခေါင်းကနေ ဖြတ်ချတော့ မျက်မှောက်ကာလ အပိုင်းလောက်ပဲ  ရှိတော့တာပေါ့နော်။ အစိုးရချထားပေးတဲ့ ငွေမလောက်ရင် ပြင်ပအလှူငွေနဲ့ ကျွဲဒုံးအကကို  ဆက်လုပ်သွားမယ်” ဟု  နိုဝင်ဘာ ၂၃ ရက်နေ့ တွင် ကေအိုင်စီသို့ ပြောသည်။

ကရင်ဒုံးအက အမည်စာရင်းတင်သွင်းရန် ပညာရှင်အဖွဲ့များမှ ကျပ်သိန်း ၆ဝဝ တင်ပြထားသော်လည်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်သိန်း ၃ဝဝ သာ ချထားပေးပြီး ချန်ထားခံရသည့် ကျွဲဒုံးအကကိုလည်း ပြင်ပအလှူရှင်များထံ အကူအညီ တောင်းခံကာ ပြန်လည်ထည့်သွင်းမည်ဟု ကရင်ဒုံးအကပညာရှင်များနှင့် ဘဏ္ဍာရေးအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

“အစိုးရအဖွဲ့ကရော ၊ KNU (ကရင်အမျိုးသားအစည်းအရုံး )ဘက်ကရော ငွေကြေးကူညီတာ ရှိပါတယ်။ ငွေကြေးကတော့ လိုအပ်နေပါတယ်။  ပြန်ရှာရအုံးမယ်။ ယူနက်စကို တင်ပြီးသွားရင် ကရင်ဒုံးအကကို သမိုင်းကျမ်းတစ်ဆူဖြစ်အောင် ဆက်လက် ဆောင်ရွက်မယ်။  စာသင်ကျောင်းမှာလည်း စာပေရော ယဉ်ကျေးမှုအပိုင်းတွေပါ မျိုးဆက်သစ်တွေ လေ့လာသင်ယူနိုင်အောင် ရည်ရွယ်ထားတာ ရှိပါတယ်” ဟု ဘဏ္ဍာရေးတာဝန်ယူထားသူ နန်းမြင့်တင်က ကေအိုင်စီသို့ ပြောသည်။

ကရင်ဒုံးအကကို UNSCO သို့ အမည်စာရင်းတင်သွင်းနိုင်ရန် ပြီးခဲ့သည့် ဇွန် ၂၆ ရက်တွင် ဖားအံမြို့ ဇွဲကပင်ခန်းမ ၌ ပြုလုပ်ခဲ့ သည့် အစည်းအဝေးတွင် အစိုးရဌာနဆိုင်ရာပညာရှင်များနှင့် ကရင်ဒုံးအကပညာရှင်းများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒုံးအက သမိုင်းကြောင်း ဖော်ထုတ်ပြသနိုင်ရန် ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်မြို့နယ်တွင် ကနဦးကွင်းဆင်းသုတေသန မှတ်တမ်း များ စတင်ပြုစုကာ လာမည့်မတ်လတွင် ပြည်ထောင်စုအဆင့် အမည်စာရင်း တင်သွင်းရန်လျာထားပြီး ရွေးချယ်ခံရပါက ယူနက် စကိုအဖွဲ့ထံကို ၂ဝ၂၁ ခုနှစ်တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် တင်သွင်းရမည်ဟု ပညာရှင်အဖွဲ့များထံမှ သိရသည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...