ပလက်ဝမြို့တွင် Mask နှင့် Hand Gel များပြတ်လပ်မှုကြုံနေရ

ပလက်ဝမြို့တွင် Mask နှင့် Hand Gel များပြတ်လပ်မှုကြုံနေရ

နှင်းနှင်း — ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် Mask (နှာခေါင်းစည်း) နှင့် Hand Gel (လက်သန့်ဆေးရည်) များ ပြတ်လပ်နေ သည့်အတွက် အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း ပလက်မြို့နယ်တိုက်ပွဲရှောင် နှင့် သဘာဝကူညီရေးအဖွဲ့မှ ဦးဇာနီ ကပြောသည်။

“ အခက်အခဲက Mask တွေပဲ။ ခုပလက်ဝမြို့မှာ Mask တွေလည်းဝယ်စရာမရှိဘူး။ အရင်တုန်းက တိုက်ပွဲရှောင်တွေ အတွက်ဝေပေးတာတွေလည်းကုန်ပြီ၊ တခါသုံးဆိုတော့ ပြန်လျှော်လို့လည်းမရဘူး ။လက်ဆေးရည်တွေလည်းပဲ တအိမ်ကိုတစ်ဗူးပေးတာကြာပြီဆိုတော့ ခုကုန်ပြီ၊မရှိတော့ဘူး” ဟု ဦးဇာနီ ကပြောသည်။

ပလက်ဝမြို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်းပိတ်သည့်အပြင် အလှူရှင်များဖက်မှ ထောက်ပံ့ပေးမှသာလျှင်စစ်ဘေးရှောင်ပြည်သူများ အတွက်အဆင်ပြေနိုင်ပြီး လက်ရှိတွင်အလှူရှင်များ၏ထောက်ပံ့မှုမရှိသေးသောကြောင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများပြတ်လပ်မှုနှင့်ကြုံ တွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ ပြီးနောက် စစ်ဘေးရှောင်စခန်းများရှိသည့် နေရာဖြစ်သဖြင့် စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသော ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသည့်လူ နာ(၄)ဦး၏ ကျန်းမာရေးမှာ ကောင်းမွန်သည့်အပြင် လက်ရှိပလက်ဝမြို့စစ်ဘေးရှောင်စခန်းများတွင်လည်း ကိုဗစ်ကြိုတင်ကာကွယ်ရေးနှင့်ပက်သက်ပြီး ပြည်သူ့ကျန်းမာရေးဌာနမှဆေးခန်းကို နေ့တိုင်းသွားရောက်ဖွင့်ပေးနေကြောင်း ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုးသက်ဝင်း ကပြောသည်။

“လက်ရှိမှာသူတို့ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။ အနီးကပ်စောင့်ကြည့်လို့ရအောင် ဆေးရုံကွာရန်တင်းမှာခေါ်ထား တယ်။ ပုံမှန်အားဖြင့်စစ်ဘေးရှောင်စခန်းကို ပြည်သူကျန်းမာရေးဌာနကနေ နေ့တိုင်းဆေးခန်းသွားဖွင့်ပေးတယ် ၊ကိုဗစ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပညာပေး အစီစဉ်တွေဖြစ်တဲ့ လူတွေနဲ့ခပ်ခွာခွာနေဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့၊ တခါတည်းကျွန်တော်တို့ဘက်ကနေပြီးတော့ ပညာပေးအစီအစဉ်တွေကို ပေါင်းလုပ်တယ်။” ဟု ဒေါက်တာစိုးသက်ဝင်း ကပြောသည်။

လက်ရှိတွင် ပလက်ဝမြို့အဝင်၊အထွက်တွင်စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိသောဒေသများမှ ဝင်ရောက်လာ သူမည်သူမဆို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နှင့် အထောက်အထားများမပါရှိသည့်သူများကိုလည်း ကွာရန်တင်းထားရှိ ရန် မြို့နယ်ကွာရန်တင်း ကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ထားကြောင်း သိရသည်။

ပလက်ဝမြို့တွင် လက်ရှိ ကိုဗစ်ပိုးတွေ့လူနာ (၄)ဦးကုသမှုခံယူနေပြီး Facility Quarantine ဝင်ရောက်သူ (၄၂) ဦးရှိသည်ဟုသိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...